micromeida professional flash 8 ကို အသုံးပြုပြီးတော့ analog clock လေးတစ်ခုပြုလုပ်နိုင်ပါတယ်။ တကယ်လို့ software မရှိသေးဘူး ဆိုရင်» ဒီမှာ download ချကြည့်လိုက်ပါ။ကျွန်တော် website ထဲက ရှာပြီးlink ပေးတာဆိုတော့ full versionတော့ မဟုတ်လောက်ဘူး။ full vertion မဟုတ်ရင်တော့ သိတယ်မလား။ ဟိုဟာဝယ်ခိုင်း ဒီဟာဝယ်ခိုင်းလိုက်နဲ့။ စိတ်ဓာတ်ပျက်အောင်ကို ဝယ်ခိုင်းမှာ။ ဟီး။ သုံးလို့ရအောင် ကျွန်တော် keygen လေး upload တင်ပေးထားပါတယ်။ by phone ကနေသွားပြီး keygen ထဲက serial number လေးကို ကူးထည့်လိုက်ပါ။  အဆင်ပြေမှာပါ။ ဒီမှာ» keygen ကို download ချလိုက်ပါ။
ပြီးတာနဲ့ test movie စမး်ကြည့်ပါ။ အောက်ကပုံစံနာရီလေးရပါလေ့မယ်။ အားလုံးအဆင်ပြေမှာပါ။ အဆင်မပြေရင်တော့ ကျွန်တော့်ကို ပြန်မေးနိုင်ပါတယ်။
အတက်နိုင်ဆုံးရှင်းပြပေးပါမယ် ခင်ဗျာ။

ကျွန်တော်တို့စက်ထဲက Database SQL file များကို  ခေါ်ယူသုံးတဲ့ပုံစံပါ ခင်ဗျာ။ ဘယ်လိုလဲဆိုတော့ ကျွန်တော်တို့ sql ဇယားတွေကို notepad  file နဲ့ရေးထားလိုက်တယ်ဆိုပါတော့။ အဲဒီ file တွေကို ယူသုံးတဲ့နည်းလေးပါ။ ဒါကြောင့်အရင်ဦးဆုံး   ဒီမှာ exercise file လေးတွေကို download လုပ်ထားလိုက်ပါ။ ပြီးလျှင် အဲဒီ file တွေကို desktop ပေါ်တင်ထားလိုက်ပါ။ အဲဒီ desktop ပေါ်က file directory ကိုတော့ သေချာညွန်းဖို့လိုမယ်နော်။ ဒါမှ sql file က ပေါ်လေ့မယ်။ directory ညွန်းတာကို ကျွန်တော် ဒီမှာ အပိုင်း (၂) စာမျက်နှာ 5 လည်း ဖော်ပြခဲ့ပြီးဖြစ်ပါတယ်။
 ကဲဒါဆို sql ကိုဖွင့်ပြီးတော့ အောက်ကပုံစံအတိုင်းရိုက်လိုက်ပါ။
dir
အဲဒီမှာ မြင်နေရပါလေ့မယ်။ sql file လေးတွေ name နှင့် အတူ mysql.sql သုံးခုကို မြင်ရပါလေ့မယ်။ မပေါ်ရင် မှားနေသေးလို့ပါ။


SETTING UP A REGULAR USER
What is MySQL user?
MySQL databases ဟာလည်း website တွေမှာ ပါဝင်မောင်းနှင်နေတဲ့အတွင်းမှာ တစ်ခုအနေအဖြစ်ပါဝင်တည်ရှိနေပါတယ်။ ပြီးတော့ သူတို့ security တွေဟာဆိုရင် ကိုယ်ပိုင် website တစ်ခုဖြစ်တဲ့အတွက် အရေးကြီးဆုံး အခန်းမှာ ပါဝင်နေပါတယ်။ MySQL database များ၏ management သည် phpMyadmin ကဲသို့သော program များ၏ third party ကို ဖြတ်ပြီး အမြဲ စီမံဆောင်ရွက်နေရတယ်။ ထို့ကြောင့် ၎င်းသည် administration လုပ်ဆောင်မှုကို လွယ်လွယ်နဲ့ မြန်ပြီးတော့ သေချာအောင်လုပ်ရမည်။ phpMyAdmin ကိုသုံးနေသော်လည်းပဲ ဒီကောင်ကို ကောင်းအောင် ကြီးမားတဲ့ အကူအညီတွေပေးရမည်။ MySQL နှင့်အတူ ဒီ phpadmin ဟာလည်း command line တွေကို အထူးပြုခြင်းရှိကြသည်။ create / delete user များကဲသို့ အစီအစဉ်တွေ commands လုပ်ကြတယ်။

Why create a user in MySQL?ကျွန်တော်တို့ဟာ MySQL Server တစ်ခု၏ install ပြုလုပ်တဲ့ခါ ROOT user အကောင့်တစ်ခုပဲ ရပါတယ်။ Default အနေနဲ့ရတဲ့ ROOT user password မပါရှိဘူး။ အဘယ်ကြောင့်ဆိုသော ROOT user အကောင့်ဟာ MySQL server အတွက် အားလုံးကြည့်ဖို့ အခွင့်အရေးတွေရှိကြသည်။ ဒါကြောင့် installation ပြီးတဲ့အခါမှာ ROOT password ပြုလုပ်ဖို့မမေ့ပါနဲ့။

Thursday, November 11, 2010

SQL

ှSQL လေ့လာချင်သူများ ဒီစာအုပ်လေးဖတ်ပြီးတော့ လေ့လာနိုင်ပါတယ်။ SQL ကို ဘယ်လိုအသုံးချပုံ၊ SQL ဆိုတာဘာလဲကို အစကနေရှင်းပြထားတာဖြစ်ပါတယ်။ ရေးထားတာ အကုန်မပြီးသေးလို့၊ အကုန်ပြီးရင်တော့ download လင့်လေးပြုလုပ်ပေးပါမယ်။



   “ရှင်တော်မြတ်ဘုရားဟောကြားတဲ့ တရားဒေသနာတော်သည် တရားတော်ကို တကယ်လက်တွေ့ လိုက်နာကျင့်သုံးတဲ့ပုဂ္ဂိုလ်ကို အဲဒီတရားက စင်စစ်ဧကန်တကယ့်ကိုပါပဲ ဘေးမရောက်အောင် ကာကွယ် စောင့်ရှောက်ပေးတက်ပါကုန်၏။”
ရှင်တော်မြတ်ဘုရားတိုင်းဟောကြားတဲ့ တရားဒေသနာများဟာ တကယ်တော့ အဲဒီတရားတော်အတိုင်း တကယ်လိုက်နာကျင့်သုံးတဲ့ပုဂ္ဂိုလ်ကို တရားကပဲ မိမိကို ဘေးဒုက္ခဆင်းရဲက ကာကွယ်စောင့်ရှောက်ပေး ပါတယ်။ သံဃာတော်အရှင်မြတ်တွေ ပရိယတ္တိစာပေတွေတွေကို သင်ကြားနေကြတယ်။ ရှင်တော်မြတ် ဘုရားမိန့်ကြားတဲ့အတိုင်း ဝိနည်းဒေသနာတော်အတိုင်းနေကြတယ်။ အဲဒီလိုဝိနည်းနဲ့ ညီအောင်နေကြ တော့ အဲဒီဝိနည်းကပဲ ဘဝသံသရာကောင်းကျိုး လက်ရှိပစ္စပ္ပုန် ကောင်းကျိုးတွေကို ဝိနည်းကစောက် ရှောက်တော်မှုပါတယ်။ ဝိနည်းနဲ့ညီအောင်နေကြတော့ လောက လူသားတွေ ကြည်ငြိုလေးစား ခြင်းကိုလည်း ခံကြရပြန်ပါတယ်။ ဘဝသံသရာအတွက်လွတ်မြောက် ခြင်းကိုလည်း အဲဒီဝိနည်းကပဲ ပေးပါတယ်။ ပြောချင်တာက ကျွန်တော်တို့တွေအများစုလွဲမှားနေကြတာဟာ ဓမ္မဆိုတဲ့နေရာမှာ တချို့က ပြောလိုက်ရင် တရားအားထုတ်တာတစ်ခုပဲလို တွေးကြပါတယ်။ အမှန်တကယ်တော့ အဲဒီလိုမဟုတ်ပါဘူး။  " ဓမ္မဆိုတာ သင်တဲ့ဓမ္မ၊ ပို့ချတဲ့ ဓမ္မ၊ ရှောင်ကြင်တဲ့ဓမ္မ၊ ပွားများအားထုတ်တဲ့ ဓမ္မ"ရယ်လို့ ရှိကြပါတယ်။

Sunday, October 3, 2010

ကံ၊ ကံ၏ အကျိုး

ဗုဒ္ဓဘာသာဝင်များအကြား ကံနှင့်ပတ်သက်ပြီး ပြောဆိုနေကြသည်ကို မကြာခဏကြားရလေ့ ရှိပါသည်။ ကြိုးစားအားထုတ်မှု မရှိပဲ ရောင့်ရဲတင်းတိမ်တတ်သူများက “ ဖြစ်သမျှအကြောင်း အကောင်းချည်ပဲ၊ ကံပေးသလောက်ပေါ့” ဟူ၍ လည်းကောင်း၊ မိမိကိုယ်မိမိ ယုံကြည်ချက် အပြည့်ရှိပြီး အထိုက်အလျောက် အောင်မြင်မှု ရနေသူတို့က “ကံကြမ္မာကို ယိုးမယ်ဖွဲ့မနေနဲ့၊ ကိုယ်လုပ်မှ ကိုယ်စားရ၊ လူကြံရင် ဘာခံနိုင်မတုန်း” ဟူ၍လည်းကောင်း၊ ကံဉာဏ်ဝီရိယနှင့် ကြိုးစားပါသော်လည်း ထိုက်သင့်သလောက် အောင်မြင်မှု မရသော သူတို့က “ ကိုယ်စွမ်းသလောက် ကြိုးစားခဲ့တာပဲ ကံက ကိုယ့်ဘက်မှ မရှိတာ” ဟူ၍လည်းကောင်း ကံနှင့်ပတ်သက်၍ အမျိုးမျိုး ရှုမြင်တတ် ကြပါသည်။
ကံတရားသည် လူတို့အပေါ် မည်သို့မည်ပုံ ဆက်နွယ်၍ အကြောင်းအကျိုးပြုနေသနည်း ဆိုသည်ကို ရှင်းရှင်းလင်းလင်း သိရှိ သဘောပေါက်ထားရန် အရေးကြီးပါသည်။ စေတနာကို ကံဟုခေါ်သည်ဟု ဘုရားရှင်ဟောကြားထားပါသည်။ ပဌာန်း၂၄ ပစ္စည်း တွင် ကံ ၂ မျိုး ရှိကြောင်း ဟောကြားထားပါသည်။
ကမ္မပစ္စယောတိ-

“ ကုသလာ ကုသလံ ကမ္မံ ဝိပါကာနံ ခန္ဓာနံ ကဋတ္တာစ ရူပါနံ ကမ္မ ပစ္စယေန ပစ္စယော” (နာနာက္ခဏိက ကမ္မ)

“ စေတနာ သမ္ပယုတ္တကာနံ ဓမ္မာနံ တံသမုဋ္ဌာနာနဥ္စ ရူပါနံ ကမ္မ ပစ္စယောန ပစ္စယော” (သဟဇာတ ကမ္မ)

Good Question Good Answer by Ven. Shravasti Dhammika နိုင်ငံခြားသား ဘုန်းတော်ကြီး တစ်ပါး၏ ဗုဒ္ဓဘာသာအမြင် အမေး အဖြေများ ဒီစာအုပ်က ဘာသာပြန် စာအုပ်ပါ... စာအုပ်မူရင်း Good Question Good Answer အင်္ဂလိပ်စာအုပ်ကို ရေးသားသူက သြစတြေးလျ နိုင်ငံသား ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးVen.Shravasti Dhammika ပါ။ ချမ်းမြေ့ဆရာတော်ဘုရားက မြန်မာလို ဘာသာပြန်ပေးထားတာပါ.စာအုပ်ကို ၁၉၉၃ခုနှစ် မှာ ထုတ်ဝေခဲ့ပါတယ်။ ဆရာတော်ပြောပုံအရကတော့ ဒီစာအုပ်မထုတ်မီ မြတ်မင်္ဂလာ စာစောင်မှာ ဒီစာအုပ်ကိုပဲ ပညာရှင် တစ်ဦးက ဘာသာပြန်ပြီး အခန်းဆက်အဖြစ် ဖော်ပြဖူးပါတယ်။
မေး - ဗုဒ္ဓဘာသာဆိုတာ ဘာလဲ။
ဖြေ - ဗုဒ္ဓဘာသာ“ ဆိုတဲ့ စကားလုံးဟာ “ဗုဓိ“ ဆိုတဲ့ စကားလုံးမှ လာတာပါ။ “ဗုဒ္ဓ“ဆိုတာ (ကိလေသာ တည်းဟူသော အိပ်ပျော်ခြင်းမှ) “နိုးလာသူ“ လို့ အဓိပ္ပါယ်ရပါတယ်။ ဒါကြောင့် ဗုဒ္ဓဘာသာဆိုတာ နိုးကြားရေး အတွေးအမြင် (ဒဿန) ပညာပါပဲ။ ဒီဒဿနပညာကို ဂေါတမနွယ်ဖွား သိဒ္ဓတ္ထ မင်းသားကနေ ဘုရား ဖြစ်လာတဲ့ ဗုဒ္ဓမြတ်စွာဘုရားက စတင်ဟောပြောခဲ့ပါတယ်။ ဗုဒ္ဓရှင်တော်မြတ်ဘုရားဟာ သက်တော် ၃၅နှစ်မှာ (ကိလေသာ တည်းဟူသော အိပ်ပျော်ခြင်းမှ) နိုးလာပြီးလျှင် ဘုရားအဖြစ်သို့ ရောက်တော်မူပါသည်။ ဗုဒ္ဓဘာသာဟာ နှစ်ပေါင်း ၂၅၀၀ ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်လို့ ဗုဒ္ဓဘာသာဝင်ပေါင်း သန်းသုံးရာကျော် ရှိနေပါပြီ။ လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ရာလောက် အထိတော့ ဗုဒ္ဓဘာသာဟာ အရှေ့တိုင်း ဒဿနပညာရပ် တစ်ခုအဖြစ်သာ တည်ရှိခဲ့ပါတယ်။ သို့သော်လဲ ယခုအချိန်မှာ ဥရောပနှင့် အမေရိကတိုက်ရှိ နိုင်ငံပေါင်း များစွာမှာလဲ ဗုဒ္ဓဘာသာဝင် ဦးရေ တဖြည်းဖြည်း တိုးပွားနေပါတယ်။