ဘဝဆိုတာ ကာမဘဝ၊ ရူပဘဝ၊ အရူပဘဝ
ကာမဘဝ မှာ = ကာမဂုဏ်ခံစားတဲ့ အပါယ်လေးဘုံ၊ လူ့ဘုံ၊ နတ်ပြည် ၆ ထပ် = ၁၁ ဘုံ
ရူပဘဝ          = ၁၆ ဘုံရှိ၊ တစ်ဘုံက ရုပ်ချည်းရှိပြီး နာမ်မရှိ၊ ၁၅ ဘုံက ရုပ်ရော နမ်ရောရှိ
အရူပဘဝ   = ၄ ဘုံ၊ နာမ်ပဲရှိပြီး ရုပ်မရှိ၊

ဘူမိဗေဒပညာရှင်တို့ရဲ့ လေ့လာချက်အရ ကမာ္ဘမြေကြီးရဲ့သက်တမ်းဟာ နှစ်သန်းပေါင်း ၄၆၀၀ ရှိပြီလို့သိရတယ်။ လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၄၆၀၀ က ကမာ္ဘမြေကြီးရဲ့ အချို့အပိုင်းက အရည်ပျော်လျက် ရှိသေးတယ်။ အရည်ပျော်အောင် ပူပြင်းနေတဲ့ အခြေမှ တဖြည်းဖြည်း အေးလာလို့ လွန်ခဲ့တဲ့ နှစ်သန်း ၄၀၀၀ က ပထမသက်ရှိသတ္တဝါတွေ ပေါ်ပေါက်လာတယ်၊ ရိုးရှင်းတဲ့ ဘက်တီးရီးယားအဖြစ် စတင်ပေါ်ပေါက်လာတာပါ၊ လွန်ခဲ့တဲ့ နှစ်သန်း ၂၁၀၀ ကျမှ ဆဲလ်စ်ခုရှိတဲ့ ရိုးရှင်းတဲ့ သတ္တဝါများ စပေါ်ပေါက်လာပါတယ်။


       လွန်ခဲ့တဲ့ နှစ်သန်း ၁၃၀၀ မှာတော့ ဆဲလ်များစွာနဲ့ ဖွဲ့စည်းထားတဲ့ အော်ဂဲနစ်ဇင်အဖြစ် ပင်လယ်ရေမှော် ဖြစ်ပေါ်လာတယ်။ နောက်နှစ်သန်း ၃၀၀ ကြာလာတဲ့အခါ (လွန်ခဲ့တဲ့နှစ်သန်း ၁၀၀၀) မှာ လိင်ဆက်ဆံခြင်းမှ မွေးဖွားလာတဲ့ သတ္တဝါများ ပေါ်ပေါက်လာပါတယ်။ လွန်ခဲ့တဲ့ နှစ်သန်း ၆၂၀ မှာ ကျောရိုးမဲ့တီကောင်လို သတ္တဝါများ ဖြစ်ပေါ်လာကြတယ်။ လွန်ခဲ့တဲ့ နှစ်သန်း ၅၁၀ မှာတော့ ကျောရိုးရှိတဲ့ သတ္တဝါတွေ ဖြစ်ပေါ်လာတယ်။

          လွန်ခဲ့တဲ့နှစ်သန်း ၄၂၅ မှာ ကုန်းသတ္တဝါနှင့် မေးရိုးရှိတဲ့ ငါးတွေစတင်ပေါ်ပေါက်လာပါတယ်။ နောက်နှစ်သန်း ၃၀ ကြာတဲ့အခါ သေးငယ်တဲ့ ပိုးမွှားတွေ၊ ကမျဉ်းကောင်တွေ၊ ပင့်ကူတွေ၊ ကင်းမြီးကောက်တွေ စသည်တို့ဖြစ်ပေါ်လာကြတယ်။ လွန်ခဲ့တဲ့နှစ်သန်း ၃၃၀ မှာ အတောင်ပံရှိတဲ့ ပိုးမွှားတွေဖြစ်ပေါ်လာပြီးတော့ လွန်ခဲ့တဲ့သန်း ၂၃၅ မှာတော့ ဒိုင်နိုဆောခေါ်တဲ့ ကုန်းသတ္တဝါကြီးတွေ ပေါ်ပေါက်လာကြတယ်။

          လွန်ခဲ့တဲ့နှစ် ၁၁၄ သန်းမှာ ပထမနို့တိုက်သတ္တဝါများ ဖြစ်ပေါ်လာကြတယ်။ လွန်ခဲ့တဲ့နှစ် သန်း ၄၀ မှာတော့ မျိုးသစ်နို့တိုက်သတ္တဝါအမျိုးမျိုးနှင့် ငှက်အမျိုးမျိုးပေါ်ပေါက်လာကြပြီး ရှေးကျတဲ့ နို့တိုက်သတ္တဝါတွေ မျိုးသုဉ်းသွားကြတယ်။ လွန်ခဲ့တဲ့နှစ် ၂၁ သန်းမှာတော့ မျောက်သတ္တဝါများကနေ လူဝံတွေ ခွဲထွက်ဖြစ်ပေါ်လာကြတယ်လို့ ဆိုပါတယ်။

          လွန်ခဲ့တဲ့ နှစ်၁ သန်း ၉ သိန်းမှာ ဟိုမိုအီရက်တတ်စ်(Homo erectus) မတ်တတ်သွားတတ်တဲ့ လူသားစတင်ပေါ်ပေါက်လာတယ်။ ပထမ အမဲလိုက်တတ်လာတယ်၊ နောက်နှစ် ၃ သိန်းလောက်အကြာမှာ မီးမွှေးတတ်ပြီး မီးကို အသုံးပြုလာပါတယ်။ လွန်ခဲ့တဲ့ နှစ် ၆ သိန်းမှာ ဟိုမိုစပိုင်ယန်း (Homo sapiens) ခေါ် ခေတ်သစ်လူသားတို့ ဖြစ်ပေါ်လာကြတယ်။ လွန်ခဲ့တဲ့ နှစ် ၄ သိန်းမှာတော့ ဟိုမိုစပိုင်ယန်း စပိုင်ယန်း (Homo sapiens sapines) ခေါ်ပိုပြီးခေတ်မီတဲ့ လူသားတို့ ဖြစ်ပေါ်လာကြတယ်။

          အထက်ပါ ဘူမိဗေဒပညာရှင်များရဲ့ တွေ့ရှိချက်များဟာ အနန္တတန်ခိုးရှင် ဘုရားသခင်က လွန်ခဲ့တဲ့နှစ် ၆၀၀၀ ကျော်လောက်က ကမာ္တမြေကြီးကိုရော လူသားနှင့်တကွ အခြားသတ္တဝါများအားလုံးကိုရော ၇ ရက်အတွင်းဖန်ဆင်းတယ်ဆိုတဲ့ ပြောဆိုချက်နှင့် သိသိသာသာ ကွာခြားနေပါတယ်။ ဒါကြောင့် အင်္ဂလိပ်သမိုင်းပညာရှင်ကြီး အိပ်ခ်ျ၊ ဂျီ၊ ဝဲလ်စ် (H.G.Wells, 1866-1946) က ဒီလိုရေးသားခဲ့ပါတယ်-

          "When we study our Holy Book we are told that God created this world six thousand yeares ago. When we study geology, we can understand that it has taken billions of years for this earth to cool down and settle before life became possible. Therefore, how can we beliece what is written in our Holy Book?"

          "ကျွနု်ပ်တို့ရဲ့သမ္မာကျမ်းစာကို ကျွနု်ပ်တို့လေ့လာတဲ့အခါ လွန်ခဲ့တဲ့ နှစ်ခြောက်ထောင်က ဒီကမာ္ဘကြီးကို ဘုရားသခင် ဖန်ဆင်းတယ်လို့ဆိုပါတယ်။ ဘူမိဗေဒကို ကျွနု်ပ်တို့လေ့လာတဲ့အခါ ဒီကမာ္ဘကြီးပေါ်မှာ သက်ရှိသတ္တဝါကြီးများ ဖြစ်ထွန်းလာနိုင်တဲ့ အခြေအနေမရောက်မီ ကမာ္ဘကြီးတဖြည်းဖြည်း အေးခဲလာပြီး အခြေတကျဖြစ်ဖို့အထိ နှစ် သန်းပေါင်းထောင်ပေါင်းများစွာ ကြာညောင်းခဲ့တာကို ကျွန်ုပ်တို့ သိနားလည်လာပါတယ်။ ဒါကြောင့် ကျွနု်ပ်တို့ရဲ့ သမ္မာကျမ်းစာမှာ ရေးသားတာတွေကို ကျွန်ုပ်တို့ ဘယ်လိုယုံကြည်ရပါ့မလဲ"

          အင်္ဂလိပ်ပညာရှင် ချားလ်စ်ဒါဝင် (Charles Darwin, 1809-1882) လေ့လာသိရှိခဲ့ရတဲ့ "တစ်စတစ်စ ဆင့်ကဲပြောင်းလဲခြင်းသီအိုရီ" (Theory of Creation) ကို ချေဖျက်ရာ ရောက်ပါတယ်။

          မျိုးစိတ်တစ်ခုအတွင်းမှာ တစ်ကောင်ချင်း ပြောင်းလဲမှုဖြစ်ပေါ်လာပြီး ပတ်ဝန်းကျင်အခြေအနေနှင့် အလိုက်လျောအညီထွေဆုံး ပြောင်းလဲနိုင်တဲ့ အကောင်များက သက်ရှင်ကျန်ရစ်ကာ မယှဉ်ပြိုင်နိုင်တဲ့ အကောင်များက သေဆုံးသွားကြတယ်။ အသင့်တော်ဆုံး ပြောင်းလဲမှုအချို့က သားစဉ်မြေးဆက် ကူးသန်းသွားတယ်။ ဤသဘာဝရွေးချယ်မှုသဘောတရားကို ပြုပြင်မှုအချို့ဖြင့် ကမာ္ဘ့သိပ္ပံပညာရှင်များအားလုံးနီးပါးက လက်ခံကြပါတယ်။

          ပြင်သစ်သိပ္ပံပညာရှင် လွစ်ပတ်စချား (Louis Pasteur, 1822-1895) ရဲ့ သုတေသနပြုချက်အရ သက်ရှိမှသာ သက်ရှိသတ္တဝါပေါက်ပွားလာနိုင်တာကိုတွေ့ရတယ်။ ဒါကြောင့် သိပ္ပံပညာရှင်တို့ဟာ" သက်ရှိသတ္တဝါများအားလုံးက သက်ရှိသတ္တဝါများမှ ဆင်းသက်လာကြတယ် "All life from life" (Omne vivum ex vivo) ဆိုတဲ့မူကို လက်ခံကြပါတယ်။ ဒါကြောင့် မြေကြီးလက်တစ်ဆုပ်မှ ပထမလူသားကို ဖန်ဆင်းတယ်ဆိုတာကို ယုံကြည်ဖို့ ခက်ခဲသွားပါတယ်။ 
မှတ်ချက်။  ။ ထိခိုက်စေချင်သည့် ဆန္ဒလုံး၀မပါပါခင်ဗျာ။ အသိတရားတစ်ခုရယ်၊ဗဟုသုတအတွက်ရယ်သာလျှင်ပါ ခင်ဗျာ။

စိတ်ဆိုတာ = အာရုံကိုသိတတ်တဲ့သဘောဖြစ်တဲ့စိတ်နှင့် စိတ်ကိုမှီတွယ်ပြီးစိတ်ကို ခြယ်လှယ်နေတဲ့ စေတသိက်များတို့ရဲ့ အပေါင်းအစုဖြစ်ပါတယ်။
စေသိက် ၅၁ မျိုးရှိတဲ့အနက်က မကောင်းတဲ့ဘက်ကို ခြယ်လှယ်ကြတဲ့`အကုသိုလ်စေတသိက်-အပြစ်ရှိတဲ့စေတသိက်´ က ၁၄ မျိုးရှိပါတယ်။ အဲဒီအနက်က စိတ်ကိုညစ်နွမ်းစေပြီး ပူလောင်ဆင်းရဲစေတဲ့ အကုသိုလ်စေတသိက် ၁၀ မျိုးကို ကိလေသာများလို့ ခေါ်တယ်။ ၎င်းတို့က စိတ်ဆင်းရဲမှုအားလုံးနှင့် ကမာ္ဘပေါ်ရှိမကောင်းမှုအားလုံးရဲ့ အကြောင်းတရားတွေပဲ၊ အကုသိုလ်စေတသိက်တို့ရဲ့ ခေါင်းဆောင်သုံးပါးက လောဘ၊ ဒေါသ၊ မောဟ တို့ဖြစ်ကြတယ်။
လောဘ = လိုချင်တပ်မက်ခြင်းသဘော၊ တဏှာ၊ ရာဂလို့လည်း အမည်ရတယ်၊
ဒေါသ = ကြမ်းတမ်းခက်ထန်ခြင်း၊ စိတ်ဆိုးစိတ်ပျက်ခြင်း၊ မနှစ်သက်ခြင်းသဘော၊ အဖျက်ဆီးတတ်ဆုံးတရားဖြစ်တယ်၊
မောဟ = အာရုံရဲ့အမှန်သဘော၊ သစ္စာသဘော၊ ကံသဘောတို့ကို မသိအောင်ဖုံးကွယ်ထားခြင်းသဘော၊ အဝိဇ္ဖာ-အမိုက်မှောင်လို့လည်း အမည်ရတယ်။

မြတ်ဗုဒ္ဓ ဟောကြားခဲ့သည် ကုသိုလ်ဖြစ်ဖို့နှင့် အကုသိုလ်ဖြစ်ဖို့ အနီးစပ်ဆုံးအရာနှစ်ရပ်--
(၁) ကုသိုလ်ဖြစ်ဖို့ (အကောင်းမြင် ဝါဒီဖြင့်ကြည့်ပါက ကုသိုလ်ဖြစ်ဖို့များသည်)။
(၂) အကုသိုလ်ဖြစ်ဖို့(မကောင်းမြင် ဝါဒီဖြင့်ကြည့်နေပါက အကုသိုလ်ဖြစ်ဖို့ များသည်)။

"ဟေ့... ချာတိတ်၊ ဒီလောက်မိုးရွာနေတာ... ဘာဖြစ်လို့
အိမ်ပြင်မှာ ထွက်ပြီး ရပ်နေရတာလဲ။ ကြည့်စမ်း...
မင်းတစ်ကိုယ်လုံး ရွှဲရွှဲစိုနေပြီ"
"ကျွန်တော်...ပုန်းနေတာခင်ဗျာ"
"ဟေ့...ဘာတွေပုန်းနေတာလဲ"
"မေမေက ရေချိုးပေးမယ်ဆိုလို့ ကြောက်လို့ ပုန်းနေတာ"

Edian စကားအသုံးအနှုန်းတွေပါတဲ့ အင်္ဂလိပ်စာအုပ်လေးပါ။ memory kilobyte လေးပဲရှိပါတယ်။စိတ်ဝင်စားရင် download ချသွားနိူင်ပါတယ်။
Image Hosting by imagefra.me

တရစပ်ဖြစ်ပျက်ပြောင်းလဲအစားထိုးနေတဲ့မေတ္တာစိတ်များကို
ငါ့မေတ္တာလို့ ထင်တာ……………
တရစပ်ဖြစ်ပျက်ပြောင်းလဲအစားထိုးနေတဲ့ဒေါသစိတ်များကို
ငါ့ဒေါသလို့ ထင်တာ…………..
တရစပ်ဖြစ်ပျက်ပြောင်းလဲအစားထိုးနေတဲ့စေတနာလေးများကို
ငါ့စေတနာလို့ထင်တာ……......
တရစပ်ဖြစ်ပျက်ပြောင်းလဲအစားထိုးနေတဲ့ဝန်တိုစိတ်လေးများကို
ငါ နှမျောတာလို့ထင်တာ...............
တရစပ်ဖြစ်ပျက်ပြောင်းလဲအစားထိုးနေတဲ့သိစိတ်လေးတွေကို
ငါ သိတယ်လို့ ထင်တာ…………
တရစပ်ဖြစ်ပျက်ပြောင်းလဲအစားထိုးနေတဲ့ခံစားမှုလေးတွေကို
ငါခံစားရတာလို့ ထင်တာ……
ခဏမစဲ တသဲသဲဖြစ်လာလိုက် ပျက်သွားလိုက်ဖြစ်နေတဲ့သောကစိတ်လေးတွေကို
ငါ ပူပန်နေတယ်၊ ငါသောကဖြစ်နေရတယ်လို့ထင်တာ……
အကြောင်းတိုက်ဆိုင်တိုင်းတရစပ် အစားထိုးပျက်စီးနေတဲ့အတွေးစိတ်လေးတွေကို
ငါစဉ်းစားတယ် ထင်တာ………….
အကြောင်းတိုက်ဆိုင်တိုင်းပေါ်လိုက်ပျောက်လိုက်ဖြစ်နေတဲ့ မှတ်သိစိတ်လေးတွေကို
ငါ မှတ်မိတယ် ထင်နေတာ………
အကြောင်းတိုက်ဆိုင်းတိုင်းပေါ်လိုက်ပျောက်လိုက်ဖြစ်နေတဲ့ဝေဒနာလေးတွေကို
ငါ့ဝေဒနာလို့ ထင်နေတာ…………..
အကြောင်းတိုက်ဆိုင်းတိုင်းပေါ်လိုက်ပျောက်လိုက်ပူတဲ့သဘောလေးတွေကို
ငါပူတယ်လို့ထင်နေတာ...................
အကြောင်းတိုက်ဆိုင်တိုင်းဖြစ်ပျက်ပြောင်းလဲနေတဲ့တင်းတဲ့တောင့်တဲ့နာတဲ့သဘောလေးတွေကို
ငါတင်းတယ်၊ ငါတောင့်တယ်၊ ငါ နာတယ်လို့ ထင်နေတာ……


သား။   အဖေ--လောကကြီး ဘာကြောင့် ဖြစ်လာတာလဲဟင်?
အဖေ။  ဘာကြောင့်မှ ဖြစ်လာတာမဟုတ်ဘူး ဖြစ်ချင်သလို ဖြစ်နေကြတာ။
သား။   အဖေ--အခြားဂြိုဟ်တွေမှာရော သက်ရှိတွေ ရှိနိုင်မလားဟင်?
အဖေ။  ဘာမှ မရှိဘူး။ ဘာတွေ ရှိရှိ အရေးမကြီးဘူး။ ငါတို့(ဆင်းရဲသားတွေ)ငွေတွေရဖို့ ချမ်းသာဖို့သာ                
အရေးကြီးတယ်။
သား။   သား ဘာလို့ လူ့လောကကြီးထဲရောက်လာတာလဲဟင်?
အဖေ။  မင်းအမေနဲ့ ငါ ရလို့ ပေါ့ကွ။
သား။   အဖွားဆုံးတာ တစ်လလောက်ပြည့်ပြီ။အဖွား အခုဆို ဘယ်ဘဝရောက်နေလဲဟင်?
အဖေ။  သေပြီး ဘာဘဝမှ ဆက်မဖြစ်ဘူး။ မြေဩဇာပဲဖြစ်တယ်။
သား။   ဒါဆို အဖွားက မြေဩဇာလောက်ပဲ တန်ဖိုးရှိတာပေါ့နော်။ အင်း --ဒါနဲ့ အဖေသေရင် အဖွားလို နိဗ္ဗာန်ယာဉ်ကြီးနဲ့ မသယ်သွားခိုင်းနဲ့။
အဖေ။  “ဟေ ဘာဖြစ်လို့လဲကွ?”
သား။    သား..အိမ်နောက်ဖေးမှာ သားစိုက်ထားတဲ့ အပင်လေးရှင်သန်ဖို့အတွက် အဖေ့ကို မြေဩဇာလုပ်ပစ်ရမယ်လေ။ ဒါမှ သားမုန်ဖိုးထဲက မြေဩဇာဖိုး မကုန်မှာ---

ဖြစ်တည်မူဝါဒ(သို့)ဥစ္ဆေဒဝါဒမှ ကောက်နုတ်ပါသည်။