“ရှင်တော်မြတ်ဘုရားဟောကြားတဲ့ တရားဒေသနာတော်သည် တရားတော်ကို တကယ်လက်တွေ့ လိုက်နာကျင့်သုံးတဲ့ပုဂ္ဂိုလ်ကို အဲဒီတရားက စင်စစ်ဧကန်တကယ့်ကိုပါပဲ ဘေးမရောက်အောင် ကာကွယ် စောင့်ရှောက်ပေးတက်ပါကုန်၏။”
ရှင်တော်မြတ်ဘုရားတိုင်းဟောကြားတဲ့ တရားဒေသနာများဟာ တကယ်တော့ အဲဒီတရားတော်အတိုင်း တကယ်လိုက်နာကျင့်သုံးတဲ့ပုဂ္ဂိုလ်ကို တရားကပဲ မိမိကို ဘေးဒုက္ခဆင်းရဲက ကာကွယ်စောင့်ရှောက်ပေး ပါတယ်။ သံဃာတော်အရှင်မြတ်တွေ ပရိယတ္တိစာပေတွေတွေကို သင်ကြားနေကြတယ်။ ရှင်တော်မြတ် ဘုရားမိန့်ကြားတဲ့အတိုင်း ဝိနည်းဒေသနာတော်အတိုင်းနေကြတယ်။ အဲဒီလိုဝိနည်းနဲ့ ညီအောင်နေကြ တော့ အဲဒီဝိနည်းကပဲ ဘဝသံသရာကောင်းကျိုး လက်ရှိပစ္စပ္ပုန် ကောင်းကျိုးတွေကို ဝိနည်းကစောက် ရှောက်တော်မှုပါတယ်။ ဝိနည်းနဲ့ညီအောင်နေကြတော့ လောက လူသားတွေ ကြည်ငြိုလေးစား ခြင်းကိုလည်း ခံကြရပြန်ပါတယ်။ ဘဝသံသရာအတွက်လွတ်မြောက် ခြင်းကိုလည်း အဲဒီဝိနည်းကပဲ ပေးပါတယ်။ ပြောချင်တာက ကျွန်တော်တို့တွေအများစုလွဲမှားနေကြတာဟာ ဓမ္မဆိုတဲ့နေရာမှာ တချို့က ပြောလိုက်ရင် တရားအားထုတ်တာတစ်ခုပဲလို တွေးကြပါတယ်။ အမှန်တကယ်တော့ အဲဒီလိုမဟုတ်ပါဘူး။  " ဓမ္မဆိုတာ သင်တဲ့ဓမ္မ၊ ပို့ချတဲ့ ဓမ္မ၊ ရှောင်ကြင်တဲ့ဓမ္မ၊ ပွားများအားထုတ်တဲ့ ဓမ္မ"ရယ်လို့ ရှိကြပါတယ်။

Sunday, October 3, 2010

ကံ၊ ကံ၏ အကျိုး

ဗုဒ္ဓဘာသာဝင်များအကြား ကံနှင့်ပတ်သက်ပြီး ပြောဆိုနေကြသည်ကို မကြာခဏကြားရလေ့ ရှိပါသည်။ ကြိုးစားအားထုတ်မှု မရှိပဲ ရောင့်ရဲတင်းတိမ်တတ်သူများက “ ဖြစ်သမျှအကြောင်း အကောင်းချည်ပဲ၊ ကံပေးသလောက်ပေါ့” ဟူ၍ လည်းကောင်း၊ မိမိကိုယ်မိမိ ယုံကြည်ချက် အပြည့်ရှိပြီး အထိုက်အလျောက် အောင်မြင်မှု ရနေသူတို့က “ကံကြမ္မာကို ယိုးမယ်ဖွဲ့မနေနဲ့၊ ကိုယ်လုပ်မှ ကိုယ်စားရ၊ လူကြံရင် ဘာခံနိုင်မတုန်း” ဟူ၍လည်းကောင်း၊ ကံဉာဏ်ဝီရိယနှင့် ကြိုးစားပါသော်လည်း ထိုက်သင့်သလောက် အောင်မြင်မှု မရသော သူတို့က “ ကိုယ်စွမ်းသလောက် ကြိုးစားခဲ့တာပဲ ကံက ကိုယ့်ဘက်မှ မရှိတာ” ဟူ၍လည်းကောင်း ကံနှင့်ပတ်သက်၍ အမျိုးမျိုး ရှုမြင်တတ် ကြပါသည်။
ကံတရားသည် လူတို့အပေါ် မည်သို့မည်ပုံ ဆက်နွယ်၍ အကြောင်းအကျိုးပြုနေသနည်း ဆိုသည်ကို ရှင်းရှင်းလင်းလင်း သိရှိ သဘောပေါက်ထားရန် အရေးကြီးပါသည်။ စေတနာကို ကံဟုခေါ်သည်ဟု ဘုရားရှင်ဟောကြားထားပါသည်။ ပဌာန်း၂၄ ပစ္စည်း တွင် ကံ ၂ မျိုး ရှိကြောင်း ဟောကြားထားပါသည်။
ကမ္မပစ္စယောတိ-

“ ကုသလာ ကုသလံ ကမ္မံ ဝိပါကာနံ ခန္ဓာနံ ကဋတ္တာစ ရူပါနံ ကမ္မ ပစ္စယေန ပစ္စယော” (နာနာက္ခဏိက ကမ္မ)

“ စေတနာ သမ္ပယုတ္တကာနံ ဓမ္မာနံ တံသမုဋ္ဌာနာနဥ္စ ရူပါနံ ကမ္မ ပစ္စယောန ပစ္စယော” (သဟဇာတ ကမ္မ)

Good Question Good Answer by Ven. Shravasti Dhammika နိုင်ငံခြားသား ဘုန်းတော်ကြီး တစ်ပါး၏ ဗုဒ္ဓဘာသာအမြင် အမေး အဖြေများ ဒီစာအုပ်က ဘာသာပြန် စာအုပ်ပါ... စာအုပ်မူရင်း Good Question Good Answer အင်္ဂလိပ်စာအုပ်ကို ရေးသားသူက သြစတြေးလျ နိုင်ငံသား ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးVen.Shravasti Dhammika ပါ။ ချမ်းမြေ့ဆရာတော်ဘုရားက မြန်မာလို ဘာသာပြန်ပေးထားတာပါ.စာအုပ်ကို ၁၉၉၃ခုနှစ် မှာ ထုတ်ဝေခဲ့ပါတယ်။ ဆရာတော်ပြောပုံအရကတော့ ဒီစာအုပ်မထုတ်မီ မြတ်မင်္ဂလာ စာစောင်မှာ ဒီစာအုပ်ကိုပဲ ပညာရှင် တစ်ဦးက ဘာသာပြန်ပြီး အခန်းဆက်အဖြစ် ဖော်ပြဖူးပါတယ်။
မေး - ဗုဒ္ဓဘာသာဆိုတာ ဘာလဲ။
ဖြေ - ဗုဒ္ဓဘာသာ“ ဆိုတဲ့ စကားလုံးဟာ “ဗုဓိ“ ဆိုတဲ့ စကားလုံးမှ လာတာပါ။ “ဗုဒ္ဓ“ဆိုတာ (ကိလေသာ တည်းဟူသော အိပ်ပျော်ခြင်းမှ) “နိုးလာသူ“ လို့ အဓိပ္ပါယ်ရပါတယ်။ ဒါကြောင့် ဗုဒ္ဓဘာသာဆိုတာ နိုးကြားရေး အတွေးအမြင် (ဒဿန) ပညာပါပဲ။ ဒီဒဿနပညာကို ဂေါတမနွယ်ဖွား သိဒ္ဓတ္ထ မင်းသားကနေ ဘုရား ဖြစ်လာတဲ့ ဗုဒ္ဓမြတ်စွာဘုရားက စတင်ဟောပြောခဲ့ပါတယ်။ ဗုဒ္ဓရှင်တော်မြတ်ဘုရားဟာ သက်တော် ၃၅နှစ်မှာ (ကိလေသာ တည်းဟူသော အိပ်ပျော်ခြင်းမှ) နိုးလာပြီးလျှင် ဘုရားအဖြစ်သို့ ရောက်တော်မူပါသည်။ ဗုဒ္ဓဘာသာဟာ နှစ်ပေါင်း ၂၅၀၀ ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်လို့ ဗုဒ္ဓဘာသာဝင်ပေါင်း သန်းသုံးရာကျော် ရှိနေပါပြီ။ လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ရာလောက် အထိတော့ ဗုဒ္ဓဘာသာဟာ အရှေ့တိုင်း ဒဿနပညာရပ် တစ်ခုအဖြစ်သာ တည်ရှိခဲ့ပါတယ်။ သို့သော်လဲ ယခုအချိန်မှာ ဥရောပနှင့် အမေရိကတိုက်ရှိ နိုင်ငံပေါင်း များစွာမှာလဲ ဗုဒ္ဓဘာသာဝင် ဦးရေ တဖြည်းဖြည်း တိုးပွားနေပါတယ်။

Monday, July 12, 2010

မျှဝေမှု

တကယ်တော့ လှပတဲ့ဘယ်အရာကိုမဆို ကျွန်တော်တို့မြင်တဲ့အခါ ဒါမှမဟုတ် ခံစားမိတဲ့အခါ
တခြားလူတွေနဲ့ ကျွန်တော်တို့ မျှဝေခံစားချင်ကြတယ်။ ဒါမှမဟုတ် အကြောင်းတစ်ခုခုကြောင့် မျှဝေဖို့ ကျွန်တော်တို့ကြောက်မိတယ်၊ မျှဝေလို့မရဘူး၊ မျှဝေရမယ်လို့ နားမလည်ခဲ့ဘူး၊ ဒါမှမဟုတ်
မျှဝေဖို့ငြင်းဆန်ခံရတယ်၊ မမျှဝေချင်ဘူးဆိုရင် နှစ်ဦးနှစ်ဘက်ရဲ့ ဆက်နွယ်မှုတွေက အလိုလိုဝေးသွားတတ်ကြတယ်။ ဒါကြောင့် မျှဝေရမယ့်အရာကို ရဲရဲတင်းတင်း မျှဝေပါ။ ပြီးတော့ မျှဝေခံရတဲ့
သူကိုတကယ်မေတ္တာထားတယ်၊ ဒါမှမဟုတ် စာနာမှုတရားနဲ့တော့အနည်းငယ်အချိန်လေးပေးလိုက်ပါ။

" ဟဲ့...သား၊ တစ်ကိုယ်လုံး ညစ်ပတ်ပေရေလို့ပါလား၊ ဘယ်လို
  ဖြစ်လာတာလဲ "
" သားသူငယ်ချင်းတွေနဲ့ ကစားလာတာပါ မေမေ"
" အောင်မလေး သားရယ်...ဘယ်လိုကစားနည်းမျိုးမို့လို့ 
  ဒီလောက်တောင် ညစ်ပတ်ပေရေလာတာလဲ"
" ဘာကစားနည်းလဲတော့ မသိဘူး မေမေ...သားက 
  ဘောလုံးအဖြစ်နဲ့ ပါဝင်ခဲ့ရတယ်"

" မေမေ သားကို တကယ်ချစ်ရဲ့လားဟင်. . ."
" ချစ်ပါတယ် သားရဲ့. . .ဘာဖြစ်လို့လဲ..."
" သားကို တကယ်ချစ်ရင် ရေခဲချောင်း လာလာရောင်းနေတဲ့ လူကြီးနဲ့
လက်ထပ်လိုက်ပါလားဟင်..."