Good Question Good Answer by Ven. Shravasti Dhammika နိုင်ငံခြားသား ဘုန်းတော်ကြီး တစ်ပါး၏ ဗုဒ္ဓဘာသာအမြင် အမေး အဖြေများ ဒီစာအုပ်က ဘာသာပြန် စာအုပ်ပါ... စာအုပ်မူရင်း Good Question Good Answer အင်္ဂလိပ်စာအုပ်ကို ရေးသားသူက သြစတြေးလျ နိုင်ငံသား ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးVen.Shravasti Dhammika ပါ။ ချမ်းမြေ့ဆရာတော်ဘုရားက မြန်မာလို ဘာသာပြန်ပေးထားတာပါ.စာအုပ်ကို ၁၉၉၃ခုနှစ် မှာ ထုတ်ဝေခဲ့ပါတယ်။ ဆရာတော်ပြောပုံအရကတော့ ဒီစာအုပ်မထုတ်မီ မြတ်မင်္ဂလာ စာစောင်မှာ ဒီစာအုပ်ကိုပဲ ပညာရှင် တစ်ဦးက ဘာသာပြန်ပြီး အခန်းဆက်အဖြစ် ဖော်ပြဖူးပါတယ်။
မေး - ဗုဒ္ဓဘာသာဆိုတာ ဘာလဲ။
ဖြေ - ဗုဒ္ဓဘာသာ“ ဆိုတဲ့ စကားလုံးဟာ “ဗုဓိ“ ဆိုတဲ့ စကားလုံးမှ လာတာပါ။ “ဗုဒ္ဓ“ဆိုတာ (ကိလေသာ တည်းဟူသော အိပ်ပျော်ခြင်းမှ) “နိုးလာသူ“ လို့ အဓိပ္ပါယ်ရပါတယ်။ ဒါကြောင့် ဗုဒ္ဓဘာသာဆိုတာ နိုးကြားရေး အတွေးအမြင် (ဒဿန) ပညာပါပဲ။ ဒီဒဿနပညာကို ဂေါတမနွယ်ဖွား သိဒ္ဓတ္ထ မင်းသားကနေ ဘုရား ဖြစ်လာတဲ့ ဗုဒ္ဓမြတ်စွာဘုရားက စတင်ဟောပြောခဲ့ပါတယ်။ ဗုဒ္ဓရှင်တော်မြတ်ဘုရားဟာ သက်တော် ၃၅နှစ်မှာ (ကိလေသာ တည်းဟူသော အိပ်ပျော်ခြင်းမှ) နိုးလာပြီးလျှင် ဘုရားအဖြစ်သို့ ရောက်တော်မူပါသည်။ ဗုဒ္ဓဘာသာဟာ နှစ်ပေါင်း ၂၅၀၀ ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်လို့ ဗုဒ္ဓဘာသာဝင်ပေါင်း သန်းသုံးရာကျော် ရှိနေပါပြီ။ လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ရာလောက် အထိတော့ ဗုဒ္ဓဘာသာဟာ အရှေ့တိုင်း ဒဿနပညာရပ် တစ်ခုအဖြစ်သာ တည်ရှိခဲ့ပါတယ်။ သို့သော်လဲ ယခုအချိန်မှာ ဥရောပနှင့် အမေရိကတိုက်ရှိ နိုင်ငံပေါင်း များစွာမှာလဲ ဗုဒ္ဓဘာသာဝင် ဦးရေ တဖြည်းဖြည်း တိုးပွားနေပါတယ်။