Edian စကားအသုံးအနှုန်းတွေပါတဲ့ အင်္ဂလိပ်စာအုပ်လေးပါ။ memory kilobyte လေးပဲရှိပါတယ်။စိတ်ဝင်စားရင် download ချသွားနိူင်ပါတယ်။
Image Hosting by imagefra.me

တရစပ်ဖြစ်ပျက်ပြောင်းလဲအစားထိုးနေတဲ့မေတ္တာစိတ်များကို
ငါ့မေတ္တာလို့ ထင်တာ……………
တရစပ်ဖြစ်ပျက်ပြောင်းလဲအစားထိုးနေတဲ့ဒေါသစိတ်များကို
ငါ့ဒေါသလို့ ထင်တာ…………..
တရစပ်ဖြစ်ပျက်ပြောင်းလဲအစားထိုးနေတဲ့စေတနာလေးများကို
ငါ့စေတနာလို့ထင်တာ……......
တရစပ်ဖြစ်ပျက်ပြောင်းလဲအစားထိုးနေတဲ့ဝန်တိုစိတ်လေးများကို
ငါ နှမျောတာလို့ထင်တာ...............
တရစပ်ဖြစ်ပျက်ပြောင်းလဲအစားထိုးနေတဲ့သိစိတ်လေးတွေကို
ငါ သိတယ်လို့ ထင်တာ…………
တရစပ်ဖြစ်ပျက်ပြောင်းလဲအစားထိုးနေတဲ့ခံစားမှုလေးတွေကို
ငါခံစားရတာလို့ ထင်တာ……
ခဏမစဲ တသဲသဲဖြစ်လာလိုက် ပျက်သွားလိုက်ဖြစ်နေတဲ့သောကစိတ်လေးတွေကို
ငါ ပူပန်နေတယ်၊ ငါသောကဖြစ်နေရတယ်လို့ထင်တာ……
အကြောင်းတိုက်ဆိုင်တိုင်းတရစပ် အစားထိုးပျက်စီးနေတဲ့အတွေးစိတ်လေးတွေကို
ငါစဉ်းစားတယ် ထင်တာ………….
အကြောင်းတိုက်ဆိုင်တိုင်းပေါ်လိုက်ပျောက်လိုက်ဖြစ်နေတဲ့ မှတ်သိစိတ်လေးတွေကို
ငါ မှတ်မိတယ် ထင်နေတာ………
အကြောင်းတိုက်ဆိုင်းတိုင်းပေါ်လိုက်ပျောက်လိုက်ဖြစ်နေတဲ့ဝေဒနာလေးတွေကို
ငါ့ဝေဒနာလို့ ထင်နေတာ…………..
အကြောင်းတိုက်ဆိုင်းတိုင်းပေါ်လိုက်ပျောက်လိုက်ပူတဲ့သဘောလေးတွေကို
ငါပူတယ်လို့ထင်နေတာ...................
အကြောင်းတိုက်ဆိုင်တိုင်းဖြစ်ပျက်ပြောင်းလဲနေတဲ့တင်းတဲ့တောင့်တဲ့နာတဲ့သဘောလေးတွေကို
ငါတင်းတယ်၊ ငါတောင့်တယ်၊ ငါ နာတယ်လို့ ထင်နေတာ……


သား။   အဖေ--လောကကြီး ဘာကြောင့် ဖြစ်လာတာလဲဟင်?
အဖေ။  ဘာကြောင့်မှ ဖြစ်လာတာမဟုတ်ဘူး ဖြစ်ချင်သလို ဖြစ်နေကြတာ။
သား။   အဖေ--အခြားဂြိုဟ်တွေမှာရော သက်ရှိတွေ ရှိနိုင်မလားဟင်?
အဖေ။  ဘာမှ မရှိဘူး။ ဘာတွေ ရှိရှိ အရေးမကြီးဘူး။ ငါတို့(ဆင်းရဲသားတွေ)ငွေတွေရဖို့ ချမ်းသာဖို့သာ                
အရေးကြီးတယ်။
သား။   သား ဘာလို့ လူ့လောကကြီးထဲရောက်လာတာလဲဟင်?
အဖေ။  မင်းအမေနဲ့ ငါ ရလို့ ပေါ့ကွ။
သား။   အဖွားဆုံးတာ တစ်လလောက်ပြည့်ပြီ။အဖွား အခုဆို ဘယ်ဘဝရောက်နေလဲဟင်?
အဖေ။  သေပြီး ဘာဘဝမှ ဆက်မဖြစ်ဘူး။ မြေဩဇာပဲဖြစ်တယ်။
သား။   ဒါဆို အဖွားက မြေဩဇာလောက်ပဲ တန်ဖိုးရှိတာပေါ့နော်။ အင်း --ဒါနဲ့ အဖေသေရင် အဖွားလို နိဗ္ဗာန်ယာဉ်ကြီးနဲ့ မသယ်သွားခိုင်းနဲ့။
အဖေ။  “ဟေ ဘာဖြစ်လို့လဲကွ?”
သား။    သား..အိမ်နောက်ဖေးမှာ သားစိုက်ထားတဲ့ အပင်လေးရှင်သန်ဖို့အတွက် အဖေ့ကို မြေဩဇာလုပ်ပစ်ရမယ်လေ။ ဒါမှ သားမုန်ဖိုးထဲက မြေဩဇာဖိုး မကုန်မှာ---

ဖြစ်တည်မူဝါဒ(သို့)ဥစ္ဆေဒဝါဒမှ ကောက်နုတ်ပါသည်။


Image Hosting by imagefra.me 
လာသွားအတူ 
ဖေးမတွဲတဲ့ ရှုံးနိမ့်ချိန်တွေ။ 
စိတ်အတူ သဘောထား
ခရီးလမ်းကို လျှောက်လှမ်းလှည့်ကြ
တာဝန်ကိုယ်ဆီ ကျေပွန်ထမ်းရွက်
ယုံကြည်သူငယ်ချင်း မွန်မြတ်စိတ်ထား
ဘယ်အခါမဆို မရှုံးနိမ့်ဘူး
တို့တွေ ခရီးသွား
“သူ” “ငယ်” “ချင်း"တွေ။

အချစ်စံအိမ် ကောင်းကင်တေးသွား
လမင်းပုံရိပ် ချစ်သူမျက်နှာ
စွန်းထင်းနေရစ်
ဂစ်တာတစ်လက် ဖော်မဲ့ထီးကျန်
ဒီညတစ်ည မင်းရှိမှ
ပြည့်စုံနိုင်မှာပါ…။

ဪ…
   ဘာလိုလိုနဲ့ သင်္ကြန်တောင် ရောက်ပါကောလား။ ဒီနှစ်ရောဆိုသင်္ကြန်ဟာ ကိုယ်နဲ့မဆိုင်တာ (၇) နှစ်ရှိသွားပြီနော်။ အရင်တုန်းကဖြစ်ခဲ့တဲ့၊ရှိခဲ့တဲ့ လွတ်လပ်တဲ့လူသားတစ်ယောက်တုန်းက
လို “သင်္ကြန်နီးလေ အလိုလိုစိတ်ထဲသိပ်ပျော်တာပဲလေ ရင်ခုန်သံလှိုင်းတွေ လွန့်လူးစေ” ဆိုတာလေးတွေဟာ ဒီချိန်မှာတော့ ရှာမရ ဖွေမရပါပဲ။ ဘယ်နားရောက်လို့ ဘယ်နားမှာသွားရှာရမှာလဲ။ 

ဘာပဲဖြစ်ဖြစ် ကျွန်တော်ကျေနပ်ပါတယ်။ အရာအားလုံးဟာ အကောင်းချည်းပဲဖြစ်လာတာပါ။ ကျွန်တော်တို့ကျောင်းမှာတော့ တချို့တွေက ဥပုဒ်သီတင်းသီလစောင့်ယူကြ၊ တရားစခန်း ဝင်ကြ၊ တချို့တွေက တရားစခန်းဝင်သူတွေရဲ့ဝေယျာဝစ္စအတွက် ကုသိုလ်ယူပြီး ချက်ပြုတ်ပေးကြ၊ တချို့တွေက သင်္ကြန်အတွင်းအလှူအတန်းလုပ်ချင်လို့ကြိုပြီးတော့ အလုအယက် စရင်းတင်သွင်းကြနဲ့၊ တချို့တွေဆို မလှူလိုက်ရလို့  ငိုနေတဲ့သူတောင် ရှိချင်ရှိမှာ..ဟီး။မထင်လိုက်ပါနဲ့လို့။ ဘာပဲပြောပြော ကြည်နူးစရာကောင်းပါတယ်။ လှူတဲ့သူတော့ ဘယ်လိုနေမယ်မသိဘူး။ ကျွန်တော် ဘေးနားက သိရတဲ့လူတောင် စိတ်ထဲအလွန်ဝမ်းသာပီတိတွေဖြစ်နေတယ်။ဪ..တကယ်ဆိုကျွန်တော် တို့အတွက်  ဘာပဲပြောပြော ဒါဟာခဲယဉ်းပါတယ်။လုပ်ချင်တော့လည်း ဖြစ်အောင်လုပ်ကြတာပါပဲ။ ဒီလိုမျိုးလေးတွေဖြစ်လာဖို့ စီစဉ်ပေးတဲ့သူတွေ၊ ဝိုင်းဝန်းကူညီကြတဲ့သူတွေ၊ ကုသိုလ်ဒါနပြုကြတဲ့သူတွေ၊ တရားအားထုတ်ကြတဲ့သူတွေ အားလုံးအားလုံး မွန်မြတ်ပါပေ့ စိတ်ထားတွေ။ အားလုံး လိုရာဆန္ဒတွေ တောင့်တအပ်တဲ့ရည်ရွယ်အပ်တဲ့ မျှော်မှန်းချက်တွေ ရရှိပါစေလို့ ဆုတောင်းပေးပါတယ် ခင်ဗျာ။ ဘာပဲပြောပြော ကျွန်တော်တို့ကျောင်းရဲ့ စည်းလုံးညီညွတ် အလွန််ရှိမူလေးပါပဲ။ ဝမ်းသာပါတယ်။ ရုရှားရောက်ချစ်အစ်ကိုညီများ။ ဒီချိန်မှာရေမြေခြားသူငယ်ချင်းတို့လည်းချစ်ခင်စရာမြန်မာတို့ရဲ့
ဓလေ့ထုံးတမ်းအစဉ်အလာပျော်ရွှင်မြူးတူးကြတဲ့ သင်္ကြန်ကိုတော့ လွမ်းဆွတ်တမ်းတမိမှာ အမှန်ပါပဲ။ ဟိုး.. ပြောရင်းဆိုရင်းတောင် ဟိုပက်အခန်းက “တူးပို့ တူးပို့”သီချင်းတွေ နဲ့သင်္ကြန်ကြနေကြပြီနဲ့တူတယ်။ ငါတို့လည်းသင်္ကြန်ကျလိုက်ဦးမှ။ ကဲ ပြောနေကြတယ်…..:) :P။
အော်..ဆုတောင် မတောင်းပေးရသေးဘူး။

အားလုံးနှစ်သစ်မှာ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာနဲ့ရည်မှန်းချက်ပန်း
တိုင်များကိုဆွတ်ခူးနိုင်ကြပါစေခင်ဗျာ။

c# ဆိုိုင်ရာဆိုက်များ
*************
"http://stackoverflow.com/questions/1537090/how-to-draw-drawings-in-picture-box
http://stackoverflow.com/search?q=picture+C%23
http://stackoverflow.com/ ***C# Math Function plementation Help.
.[http://www.mysteryzillion.org/] In this site of the category, you
search programming and search anythings as you like.
[www.examenglish.com] is good for you to study.Practise to the IELTS level.
belipse.pdf (http://homepage.smc.edu/kennedy_john/belipse.pdf)
Fixed Point Ellipse(http://wscg.zcu.cz/wscg2001/Papers_2001/R18.pdf)
vgfort (http://vgfort.com/cpp_algorithms.php)
Breseham's Ellipse Algorithm
(http://www.indiastudychannel.com/resources/56523-BRESENHAM-S-ELLIPSE-DRAWING-ALGORITHM.aspx)

http://www.geog.ubc.ca/courses/klink/gis.notes/ncgia/u32.html
http://www.mathworks.com/access/helpdesk/help/toolbox/vipblks/ref/drawshapes.html#f744481
http://www.mysteryzillion.org/forums/forumdisplay.php/16-C
register to mysteryzillion and see this link
this C# and java forum with mm language
http://www.codeproject.com/info/search.aspx?artkw=C%23
http://www.functionx.com/csharp/
http://msdn.microsoft.com/en-us/library/67ef8sbd%28VS.80%29.aspx
http://www.java2s.com/Tutorial/CSharp/CatalogCSharp.htm

http://www.functionx.com/vcsharp/index.htm
http://www.homeandlearn.co.uk/csharp/csharp.html(အရမ်းကောင်းပါတရ် ပတိုဂရမ်စတင်လေ့လာသူတွေအတွက်ပါ)
http://msdn.microsoft.com/en-us/default.aspx
http://ogree.blogspot.com
http://www.bluehacker.ucoz.org/
http://www.myanmaritresource.info(လေ့လာစရာ ကောင်းတဲ့ဆိုဒ်လေးတစ်ခုပါ)
http://www.mmso.org (လေ့လာစရာ ကောင်းတဲ့ဆိုဒ်လေးတစ်ခုပါ)
http://thiha-ucsm.blogspot.com/2008/05/what-is-directx-and-why-it-is-needed.html( ဗဟုသုတ)
http://www.uploadmb.com/?PHPSESSID=ff88aac47f8a0d8842d8ffb734594f3c(အပ်လုပ်တင်လို့ရတဲ့နေရာလေးပါ)
http://www.myanmarfamily.org/forum/showthread.php?t=16828(အကုန်အလိုရှိသည်)
http://www.myanmarfamily.org/forum/showthread.php?t=10669(အကုန်အလိုရှိသည်)
http://xemanhnet.blogspot.com
http://www.myanmarfamily.org/forum/showthread.php?t=18171(All Software for Cracks + Keygens + Serials)
http://www.myanmarfamily.org/forum/showthread.php?t=18207(.reg နဲ့ .vbs ဖိုင်များနဲ့ ဝင်ဒိုး error ဖြေရှင်းကြပါစို့)
http://www.thanlonnge.com/2009/04/digital-juice-fonts-3-dvds.html
http://www.functionx.com/(c++ လေ့့လာဖို့အတွက် အရမ်းကောင်းတဲ့ ဆိုဒ်တစ်ခုပါ)
http://freecomputerbooks.com/langCSharpBooks.html(c++ လေ့့လာဖို့အတွက် အရမ်းကောင်းတဲ့ ဆိုဒ်တစ်ခုပါ)
http://www.tenouk.com(c++ လေ့့လာဖို့အတွက် အရမ်းကောင်းတဲ့ ဆိုဒ်တစ်ခုပါ)
http://www.weebly.com/uploads/3/8/2/3/3823386/56.swf
ညီလေး သချင်္ာအထူးထုတ်မှ မဟုတ်ပါဘူး ညီလေး အချိန်ပေးပြီး လေ့လာမယ်ဆိုရင်
အားထဲ့ ပြီးလေ့လာမယ်ဆိုရင် အဆင်ပြေနိုင်ပါတယ်...အကို အောက်မှာပေးထားတဲ့လင့်တွေမှာ
လေ့လာပါ...အကိုလဲ လေ့လာနေဆဲသူမို့ မျှဝေပေးလိုက်ပါတယ်ဗျာ....math နဲ့ ပတ်သက်ပြီး
တကယ့်ကိုကောင်းတဲ့ ဆိုဒ်လေးတွေဖြစ်ပါတယ်ဗျာ...အထူးထုတ်လေး ရောက်မလာခင် ညီလေး အဆင်ပြေစွာ လေ့လာနိုင်ပါစေ
၁)http://www.intmath.com/
၂)http://homepage.mac.com/sami_ashhab/...ture_notes.htm
၃)http://www.sosmath.com/diffeq/diffeq.html
၄)http://numericalmethods.eng.usf.edu/index.html
၅)http://tutorial.math.lamar.edu/
http://wiki.answers.com/Q/FAQ/2316-2718

ဂွဖျောက်ရန်
http://portableapps.com
http://www.tackfilm.se/?id=1264268009093RA98(ဒေါ်ဆိုးလေး ရုပ်ရှင်)
http://www.hotbot.com

http://www.cplusplus.com

http://www.cprogramming.com
www.daniweb.com
www.codeproject.com
programmerheaven.com
www.programmersheaven.com
http://bcbjournal.org/bcbcaq/?loc=views(c++ အကြောင်းအမေးအဖြေကြည့်နိုင်သည်)
http://msdn.microsoft.com/en-us/default.aspx(C++ အကြောင်းကို ဖတ်နိုင်ပါတရ်)
http://www.tek-tips.com/threadforum.cfm?lev3=32(ပတိုဂရမ်မင်း ဘာသာ ပေါင်းစုံကို ဒီထဲမှာလေ့လာနိုင်ပါသည်)
http://www.myanmarfamily.org/forum/showthread.php?t=17469(ဆိုဒ်ကောင်းလေးတစ်ခုပါ)
http://www.nyinaymin.com(knowledge ပိုင်းဆိုင်ရာများ)
http://www.mgkyawswarnyein.net( for software)
http://www.ehlar.net
http://www.buttonbeats.com/(တီးလုံးတွေ ဖန်တီးနိုင်တဲ့စော့လ်ဝဲ)
http://mgsaytanar.blogspot.com(knowledge ပိုင်းဆိုင်ရာများ)
http://www.itmgmg.com(knowledge ပိုင်းဆိုင်ရာများ)
http://problemclean.ning.com/(knowledge ပိုင်းဆိုင်ရာများ)
http://itmen.myanmarbloggers.org(computer knowledge)
http://www.hackforums.net(heack knowledge)
http://www.soemin.net/
http://kozaw357.multiply.com(ကိုဇော်)
http://knowledge-myozawlin.blogspot.com(မောင်ပညာ)
http://mryotesoe.blogspot.com/(ပုဂံသား မောင်ဘကျော်)
http://www.zaung.net(ဇောင်း)
http://www.thuratun.co.nr//(ကိုသူရထွန်း)
http://kp3family.blogspot.com
http://forverfriends.ning.com
http://linkshare.myanmardaily.net
http://mmitalk.blogspot.com/
http://www.mediafire.com/?jnjyoezn1ma(Somebody's me သီချင်း)

ဘဝမှာအရေးကြီးဆုံး ဘာရှိဖို့လိုအပ်သလဲဆိုရင် ကျွန်တော် စိတ်ကောင်းရှိဖို့သာလျင် ပထမအရေးကြီးဆုံးလို့ ကျွန်တော်ဖြေဆိုမှာ ဖြစ်ပါတယ်။ အောက်မှ မဟာဂန္ဓာရုံဆရာတော်ကြီးချပြခဲ့တဲ့ စည်းမျဉ်း(၁၀)ချက်ဟာ အဆင့်လိုက်ထားရှိရမည့် လိုက်နာမူစည်းကမ်းတွေပါပဲ။ ပညာတွေအင်မတန်တော်ပြီး၊ ဘယ်လောက်ပြည့်စုံကြွယ်၀ ကြွယ်၀၊ စိတ်ထားမမြင့်မြတ်ဘူးဆိုရင် အဲဒီလူဟာ ဘယ်လိုမှ လောကကို အကျိုးပြု စွမ်းဆောင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ပညာတက်ဖို့ထက်၊ စိတ်ထားမြင့်မြတ်ဖို့သာလျှင် ကျွန်တော်အရေးကြီးဆုံးလို့ပဲ သတ်မှတ်ပါတယ်။မဟာဂန္ဓာရုံဆရာတော်ဘုရားကြီးက မိမိကျောင်းမှာရှိတဲ့ စာသင်သားများကို လိုက်နာဖို့ စည်းမျဉ်း (၁၀) ချက်သတ်မှတ်ခဲဲ့ပါတယ်။ အဲဒီစည်းမျဉ်း (၁၀)ချက်ကို ဆရာတော်ကြီးရဲ့ ဘဝနေနည်း (၁၀) ချက်လို့လည်း ခေါ်ဆိုနိုင်ပါတယ်။ ဆရာတော်ကြီးရဲ့ စည်းမျဉ်း (၁၀) ချက်ကတော့-
၁။ စိတ်ကောင်းရှိဖို့က ပထမ
၂။ ဝိနည်းလေးစားဖို့က ဒုတိယ
၃။ ကျန်းမာဖို့က တတိယ
၄။ သန့်ရှင်းဖို့ စတုတ္တ
၅။ အဝတ်အစားဝတ်တတ်ဖို့က ပဥ္စမ
၆။ အနေအထိုင်တတ်ဖို့က ဆဋ္ဌမ
၇။ အသွားအလာတတ်ဖို့က သတ္တမ
၈။ အပြောအဆိုတတ်ဖို့က အဋ္ဌမ
၉။ စည်းကမ်းလိုက်နာဖို့က န၀မ
၁၀။ စာတတ်ဖို့က ဒသမ ဖြစ်ပါတယ်။

 ဓမ္မမိတ်ဆွေ သူတော်ကောင်းအပေါင်းတို့ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။

အဘိဓဇမဟာရဋ္ဌဂုရု တိပိဋကဓရဓမ္မဘဏ္ဍာဂါရိကဘဒ္ဒန္တအရှင်ဝိစိတ္တသာရာဘိဝံသ၏ ဘဝချမ်းသာရေးလမ်းစဉ်

 နေ့စဉ် သွားလာမူ၊ နေထိုင်မူတွေဟာ သာမန်ကျွန်တော်တို့ လုပ်ရိုးလုပ်စဉ်တွေတိုင်းပါပဲ။ ကျွန်တော်တို့ စိတ်အနှောက်အယှက် ကြုံလာမူဖြစ်လာတဲ့အခါ၊  အဆင်မပြေတာတွေ ကြုံလာမူဖြစ်လာတဲ့အခါ ကျွန်တော်တို့စိတ်သန္တာန်ထဲမှာ စိတ်ထွက်ပေါက်တွေကို ရှာလာတက်ကြပါတယ်။ အဲဒီအချိန်မှာ မမှားသင့်တာတွေလည်း မှားသွားတက်ကြတယ်။ မပြုလုပ်သင့်တာတွေလည်း ပြုလုပ်သွားတက်ကြတယ်။ အဲဒီလိုအချိန်မှာ ကောင်းတဲ့အရာတွေနဲ့ တွေ့ရင်ကောင်းတာတွေဖြစ်သွားတက်ကြတယ်။ အဲဒီလိုကောင်းတာလေးတွေနဲ့ပဲ ကြုံရဆုံရအောင်ကလမ်းစဉ်လေးတွေကို မြတ်စွာဘုရား ဟောကြားခဲ့ပါတယ်။ တကယ့်အဖြစ်အပျက်နဲ့ကြုံတဲ့အခါ  မြတ်စွာဘုရားဟောကြားခဲ့တဲ့တရားတွေဟာ လက်တွေ့အဖြစ်သို့ရောက်သွားကြပါတယ်။ 

၁။ နေ့စဉ်ကောင်းမှုကုသိုလ်တရားများ၌ မမေ့မလျော့စဉ်းစားပါ။
၂။ လူဖြစ်လာလျှင် လူ၏တန်ဖိုးကို သိအောင်ကြိုးစားပါ။
၃။ မည်သူတရားပျက်ပျက် သင်မပျက်ပါစေနဲ့၊ သတိထားပါ။
၄။ သင့်ကို အကြောင်းပြုပြီး သူများစိတ်မဆင်းရဲပါစေနဲ့။
၅။ မိဘကို စားနိုင်တဲ့အခါမှာ ကျွေးပါ၊ သေမှ ငိုမနေပါနဲ့။
၆။ သူများအပြစ်ကို မပြောပါနဲ့၊ ကိုယ့်အပြစ်ကိုသာ ရှုပါ။
၇။ ဗြဟ္မစိုရ်တရားအမြဲပွားများ၍ ကိုယ်တွင်းသီလတရားမြဲပါစေ။
၈။ အလိုက်သိပါ၊ အားနာပါ၊ အရှက်အကြောက်ရှိပါ။
၉။ ကြီးသူကို ရိုသေပါ၊ ရွယ်တူကိုလေးစားပါ၊ ငယ်သူကိုသနားပါ။
၁၀။ မစူးမစမ်းမဆင်ခြင်ပဲမပြောပါနဲ့၊ မလုပ်ပါနဲ့၊ အမြဲသတိထားပါ။
၁၁။ နေရာတိုင်းမှာ စိတ်သဘောကြီးကြီးထားပါ။
၁၂။ နိုင်လိုသူကို အရှုံးပေးက စိတ်နှလုံးအေးမြသည်။
၁၃။ စကားပြောသောအခါ မျှမျှတတပြောဆိုပါ။
၁၄။ မိမိကိုယ်ကို နေ့စဉ်စစ်ဆေးနိုင်မှ ကြီးပွားနိုင်သည်။
၁၅။ မကောင်းတဲ့ အကုသိုလ် စိတ်ရိုင်းစိတ်မိုက်များကို ပယ်ရှားပါ။
၁၆။ သူများကြီးပွားချမ်းသာတာကို မနာလိုမရှုစိမ့် မရှိပါစေနဲ့။
၁၇။ နေရာတိုင်းမှာ ကိုယ်ချင်းစာတရား များများထားပါ။
၁၈။ မိမိကိုယ်ကို ဆုံးမခြင်းက သာလွန်၍ ကောင်းသည်။
၁၉။ မာနကိုနှိမ့်ချ၊ လူ၏ တန်ဖိုးကိုမြှင့်တင်ပါ။
၂၀။ အရာရာမှာ စေတနာသန့်သန့်နှင့် စိတ်ကောင်းတစ်ခုထားပါ။(မွန်မြတ်သော ဝိပဿနာတရားကို အားထုတ်ဖြစ်အောင် ကြိုးစားပါ။)
http://mingun.us/frontpageမင်းကွန်းတိပိဋက မှ ကူးယူဖော်ပြပူဇော်ထားပါသည်။

ဂေါတမီ သင်သည်
''အကြင်တရားတို့ကို ဤတရားတို့ကား------
တပ်မက်မှု ရာဂ ကင်းရန်သာ ဖြစ်ကုန်၏၊ တပ်မက်မှု ရာဂနှင့်တကွ ဖြစ်ခြင်းငှာ မဖြစ်ကုန်။
ဝဋ်ကင်းရန်သာ ဖြစ်ကုန်၏၊ ဝဋ်၌ ယှဉ်ရန် မဖြစ်ကုန်။
ဝဋ်ဆင်းရဲကို ဖျက်ဆီးရန်သာ ဖြစ်ကုန်၏၊ ဝဋ်ဆင်းရဲ ပွားစီးရန် မဖြစ်ကုန်။
အလိုနည်းရန်သာဖြစ်ကုန်၏၊ အလိုကြီးရန် မဖြစ်ကုန်။
ရောင့်ရဲရန်သာ ဖြစ်ကုန်၏၊ မရောင့်ရဲရန် မဖြစ်ကုန်။
ဆိတ်ငြိမ်ရန်သာ ဖြစ်ကုန်၏၊ အပေါင်းအဖော်နှင့် နေရန် မဖြစ်ကုန်။ ကြိုးစား အားထုတ်ရန်သာ ဖြစ်ကုန်၏၊ ပျင်းရိရန် မဖြစ်ကုန်။ (မိမိကိုယ်ကို) မွေးမြူလွယ်ရန်သာ ဖြစ်ကုန်၏၊ မွေးမြူနိုင်ခဲရန် မဖြစ်ကုန်'' ဟု သိငြားအံ့။
ဂေါတမီ ထိုတရားတို့ကို စင်စစ်အားဖြင့် ဤကား တရားတည်း၊
ဤကား ဝိနည်းတည်း၊
ဤကား မြတ်စွာဘုရား အဆုံးအမတည်း'' ဟု မှတ်ယူလေလော့ ဟူ၍ (မိန့်တော်မူ၏)။

သံခိတ္တသုတ်၊ ဂေါတမီဝဂ်၊ အဋ္ဌကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။

Friday, April 2, 2010

There is no mistake,only lessons

ကျဆုံးခဲ့ဘူးတဲ့ အရာတစ်ခုကို တစိမ့်စိမ့်တွေးပီး ဆွေးမနေစေချင်ဘူး၊ အဲဒါက ဘာနဲ့တူလဲဆိုရင် စားသောက်လို့ မရတဲ့ ထမင်းသိုးဟင်းသိုးထုပ်ကြီး ခေါင်းပေါ်ရွက်ပီး လျှောက်နေသလို ကိုယ်လည်း စားလို့မရ၊ လွင့်လဲမပြစ်ရက်၊ အသုံးမဝင်ပါဘူး၊ ဘာမှားခဲ့ သလဲ၊ စဉ်းစား ပြန်ပြင်၊ နောက် အဲဒီလိုမမှားအောင်လုပ်၊ ဆက်လျှောက်၊ မနေ့ကလုပ်ခဲ့တဲ့အလုပ်ဟာ ဒီနေ့အတွက် အကျိုးတရား၊ ဒီနေ့လုပ်တဲ့ လုပ်ရပ်က မနက်ဖန်ရဲ့ ပုံရိပ်၊ ရှေးကကောင်းလို့ ခုကောင်းတယ်၊ ခုကောင်းရင် နောင် ကောင်းပါလိမ့်မယ်၊ ရှေးကမကောင်းလို့ ခုမကောင်းတယ်၊ ခုမကောင်းရင် နောင်မကောင်းပါလိမ့်မယ်...
အရှင်သာဓိန (ခေတ္တ၊ ဘုံဘေ)