Monday, May 9, 2011

unity

Notebook(laptop) အသစ်တွေမှာ hardware တွေကို operating system အတွက် window 7 ကိုပဲ အခြေခံထားပြီး ထုတ်ခဲ့တာဖြစ်တဲ့အတွက် XP ကိုတင်သုံးကြည့်တဲ့အခါမှာ setup မလုပ်နိုင်တဲ့ ပြဿနာ တွေ့ရတက်ပါတယ်။ နောက်ပိုင်းထွက်တဲ့ laptop အမျိုးအစားအားလုံးကိုတော့ မဆိုလိုပါဘူး။ ဥပမာ - Lenovo core 2 duo, HP core i3 တို့မှာ XP တင်သုံးကြည့်တာ setup လုပ်ပါသေးတယ်။ ဒါပေမဲ့ sony မှာဆိုရင် core 2, core i3 တို့လောက်ဆို hard disk ကိုရှာမတွေ့လို့ setup မလုပ်နိုင်ကြောင်း တွေ့ရပါတယ်။(မှတ်ချက်-sony core 2 duo အားလုံးမဟုတ်ပါ။ series မြင့်တဲ့စက်တွေသာ)

ဒါဆိုလျှင် မေးဖို့ အဖြေရှိလာပါပြီ။ ဘာကြောင့် setup မလုပ်နိုင်ရသလဲ?
ဘာကြောင့်လဲဆို ပုံမှန်မူလအားဖြင့် computer အသစ်တွေ၏ storage controller ဆိုတဲ့ SATA(Serial ATA) controller ဟာ XP ကို install လုပ်ဖို့ရန် support မလုပ်နိုင်တာတွေ့ရပါတယ်။ ဒါကြောင့် ကျွန်တော်တို့ဟာ XP ကို ထောင့်ပံ့နိုင်ဖို့အတွက် SATA controller driver တွေကို ခွေထဲကို ထပ်ပြီးတော့ ပေါင်းပေးခြင်း ပြုလုပ်ရပါတယ်။