“ရှင်တော်မြတ်ဘုရားဟောကြားတဲ့ တရားဒေသနာတော်သည် တရားတော်ကို တကယ်လက်တွေ့ လိုက်နာကျင့်သုံးတဲ့ပုဂ္ဂိုလ်ကို အဲဒီတရားက စင်စစ်ဧကန်တကယ့်ကိုပါပဲ ဘေးမရောက်အောင် ကာကွယ် စောင့်ရှောက်ပေးတက်ပါကုန်၏။
ရှင်တော်မြတ်ဘုရားတိုင်းဟောကြားတဲ့ တရားဒေသနာများဟာ တကယ်တော့ အဲဒီတရားတော်အတိုင်း တကယ်လိုက်နာကျင့်သုံးတဲ့ပုဂ္ဂိုလ်ကို တရားကပဲ မိမိကို ဘေးဒုက္ခဆင်းရဲက ကာကွယ်စောင့်ရှောက်ပေး ပါတယ်။ သံဃာတော်အရှင်မြတ်တွေ ပရိယတ္တိစာပေတွေတွေကို သင်ကြားနေကြတယ်။ ရှင်တော်မြတ် ဘုရားမိန့်ကြားတဲ့အတိုင်း ဝိနည်းဒေသနာတော်အတိုင်းနေကြတယ်။ အဲဒီလိုဝိနည်းနဲ့ ညီအောင်နေကြ တော့ အဲဒီဝိနည်းကပဲ ဘဝသံသရာကောင်းကျိုး လက်ရှိပစ္စပ္ပုန် ကောင်းကျိုးတွေကို ဝိနည်းကစောက် ရှောက်တော်မှုပါတယ်။ ဝိနည်းနဲ့ညီအောင်နေကြတော့ လောက လူသားတွေ ကြည်ငြိုလေးစား ခြင်းကိုလည်း ခံကြရပြန်ပါတယ်။ ဘဝသံသရာအတွက်လွတ်မြောက် ခြင်းကိုလည်း အဲဒီဝိနည်းကပဲ ပေးပါတယ်။ ပြောချင်တာက ကျွန်တော်တို့တွေအများစုလွဲမှားနေကြတာဟာ ဓမ္မဆိုတဲ့နေရာမှာ တချို့က ပြောလိုက်ရင် တရားအားထုတ်တာတစ်ခုပဲလို တွေးကြပါတယ်။ အမှန်တကယ်တော့ အဲဒီလိုမဟုတ်ပါဘူး။  " ဓမ္မဆိုတာ သင်တဲ့ဓမ္မ၊ ပို့ချတဲ့ ဓမ္မ၊ ရှောင်ကြင်တဲ့ဓမ္မ၊ ပွားများအားထုတ်တဲ့ ဓမ္မ"ရယ်လို့ ရှိကြပါတယ်။

Sunday, October 3, 2010

ကံ၊ ကံ၏ အကျိုး

ဗုဒ္ဓဘာသာဝင်များအကြား ကံနှင့်ပတ်သက်ပြီး ပြောဆိုနေကြသည်ကို မကြာခဏကြားရလေ့ ရှိပါသည်။ ကြိုးစားအားထုတ်မှု မရှိပဲ ရောင့်ရဲတင်းတိမ်တတ်သူများက “ ဖြစ်သမျှအကြောင်း အကောင်းချည်ပဲ၊ ကံပေးသလောက်ပေါ့” ဟူ၍ လည်းကောင်း၊ မိမိကိုယ်မိမိ ယုံကြည်ချက် အပြည့်ရှိပြီး အထိုက်အလျောက် အောင်မြင်မှု ရနေသူတို့က “ကံကြမ္မာကို ယိုးမယ်ဖွဲ့မနေနဲ့၊ ကိုယ်လုပ်မှ ကိုယ်စားရ၊ လူကြံရင် ဘာခံနိုင်မတုန်း” ဟူ၍လည်းကောင်း၊ ကံဉာဏ်ဝီရိယနှင့် ကြိုးစားပါသော်လည်း ထိုက်သင့်သလောက် အောင်မြင်မှု မရသော သူတို့က “ ကိုယ်စွမ်းသလောက် ကြိုးစားခဲ့တာပဲ ကံက ကိုယ့်ဘက်မှ မရှိတာ” ဟူ၍လည်းကောင်း ကံနှင့်ပတ်သက်၍ အမျိုးမျိုး ရှုမြင်တတ် ကြပါသည်။
ကံတရားသည် လူတို့အပေါ် မည်သို့မည်ပုံ ဆက်နွယ်၍ အကြောင်းအကျိုးပြုနေသနည်း ဆိုသည်ကို ရှင်းရှင်းလင်းလင်း သိရှိ သဘောပေါက်ထားရန် အရေးကြီးပါသည်။ စေတနာကို ကံဟုခေါ်သည်ဟု ဘုရားရှင်ဟောကြားထားပါသည်။ ပဌာန်း၂၄ ပစ္စည်း တွင် ကံ ၂ မျိုး ရှိကြောင်း ဟောကြားထားပါသည်။
ကမ္မပစ္စယောတိ-

“ ကုသလာ ကုသလံ ကမ္မံ ဝိပါကာနံ ခန္ဓာနံ ကဋတ္တာစ ရူပါနံ ကမ္မ ပစ္စယေန ပစ္စယော” (နာနာက္ခဏိက ကမ္မ)

“ စေတနာ သမ္ပယုတ္တကာနံ ဓမ္မာနံ တံသမုဋ္ဌာနာနဥ္စ ရူပါနံ ကမ္မ ပစ္စယောန ပစ္စယော” (သဟဇာတ ကမ္မ)