" ဟဲ့...သား၊ တစ်ကိုယ်လုံး ညစ်ပတ်ပေရေလို့ပါလား၊ ဘယ်လို
  ဖြစ်လာတာလဲ "
" သားသူငယ်ချင်းတွေနဲ့ ကစားလာတာပါ မေမေ"
" အောင်မလေး သားရယ်...ဘယ်လိုကစားနည်းမျိုးမို့လို့ 
  ဒီလောက်တောင် ညစ်ပတ်ပေရေလာတာလဲ"
" ဘာကစားနည်းလဲတော့ မသိဘူး မေမေ...သားက 
  ဘောလုံးအဖြစ်နဲ့ ပါဝင်ခဲ့ရတယ်"

" မေမေ သားကို တကယ်ချစ်ရဲ့လားဟင်. . ."
" ချစ်ပါတယ် သားရဲ့. . .ဘာဖြစ်လို့လဲ..."
" သားကို တကယ်ချစ်ရင် ရေခဲချောင်း လာလာရောင်းနေတဲ့ လူကြီးနဲ့
လက်ထပ်လိုက်ပါလားဟင်..."

လောက၌ လူတစ်ယောက်၏ ဘဝကို ပြောင်းလဲသွားစေသည့် လျှပ်တစ်ပြက်ဉာဏ်အမြင် လင်းသွားမှုများလောက် စိတ်လှုပ်ရှားဖွယ်ကောင်း၍ အကျိုးကျေးဇူးလည်းကြီးမားလှသော အရာမျိုး မရှိပေ။ အထူးသဖြင့် ပြောင်းလဲခြင်းမည်ကာ မတ္တမဟုတ် `အကောင်းဘက်သို့ ပြောင်းလဲခြင်း’ ဟု ဝိသေသပြု ပြောဆိုရသည့် အခါမျိုး၌ဖြစ်၏။   
   ထိုသို့ ဉာဏ်အလင်းပွင့်သွားသော အခိုက်အတန့် မျိုးမှာ ရှားပါးလှပါသည်။ အဲဒါဟာ လူတိုင်း၏ ဘဝသို့ပင် တစ်ကြိမ်မဟုတ်တစ်ကြိမ်တော့ ရောက်လာတက်စမြဲတဲ့။ တစ်ခါတစ်ရံ စာအုပ်တစ်အုပ်ကိုဖတ်လိုက်ရင်းဖြစ်ဖြစ် လင်းခနဲဖြစ်သွားတက်တယ်။ တစ်ခါတရံ တရားပွဲတစ်ပွဲမှ၊ တစ်ခါတစ်ရံ ကဗျာ တစ်ပုဒ်မှ၊ တစ်ခါတစ်ရံမိတ်ဆွေတစ်ယောက်ထံမှ….ဖြစ်ဖြစ် ရသွားတက်ပါတယ်။
ကျွန်တော်ကိုယ်တိုင်လည်း တစ်ခါတုန်းက……။ ==============================
အဲသည်ဆောင်းတွင်းနေ့က စားသောက်ဆိုင်ကလေးမှာ ကျွန်တော်လူတစ်ယောက်ကို စောင့်မျှော်နေခဲ့သည်။ ကျွန်တော့် ဘဝအတွက် အရေးကြီးလှသည့် လုပ်ငန်းအစီအစဉ်ကြီး တစ်ခုမှာ ကျွန်တော်တွက်ချက်မှုတွေ လွဲမှားသွားသဖြင့် ကမောက်ကမ ဖြစ်သွားခဲ့ရာ ကျွန်တော် အတော်ပင် စိတ်ဓာတ်ကျဆင်းနေခဲ့သည်။ ကျွန်တော် ရင်းနှီးခင်မင်လှသော မိတ်ဆွေကြီးနှင့်တွေ့ရမည်အတွက်ပင် ခါတိုင်းလို ကျွန်တော် မပျော်ရွှင်နိုင်ဘဲရှိနေသည်။