Tuesday, November 16, 2010

MySQL (3) IMPORTING DATABASES ON WINDOWS

ကျွန်တော်တို့စက်ထဲက Database SQL file များကို  ခေါ်ယူသုံးတဲ့ပုံစံပါ ခင်ဗျာ။ ဘယ်လိုလဲဆိုတော့ ကျွန်တော်တို့ sql ဇယားတွေကို notepad  file နဲ့ရေးထားလိုက်တယ်ဆိုပါတော့။ အဲဒီ file တွေကို ယူသုံးတဲ့နည်းလေးပါ။ ဒါကြောင့်အရင်ဦးဆုံး   ဒီမှာ exercise file လေးတွေကို download လုပ်ထားလိုက်ပါ။ ပြီးလျှင် အဲဒီ file တွေကို desktop ပေါ်တင်ထားလိုက်ပါ။ အဲဒီ desktop ပေါ်က file directory ကိုတော့ သေချာညွန်းဖို့လိုမယ်နော်။ ဒါမှ sql file က ပေါ်လေ့မယ်။ directory ညွန်းတာကို ကျွန်တော် ဒီမှာ အပိုင်း (၂) စာမျက်နှာ 5 လည်း ဖော်ပြခဲ့ပြီးဖြစ်ပါတယ်။
 ကဲဒါဆို sql ကိုဖွင့်ပြီးတော့ အောက်ကပုံစံအတိုင်းရိုက်လိုက်ပါ။
dir
အဲဒီမှာ မြင်နေရပါလေ့မယ်။ sql file လေးတွေ name နှင့် အတူ mysql.sql သုံးခုကို မြင်ရပါလေ့မယ်။ မပေါ်ရင် မှားနေသေးလို့ပါ။


ပုံမှာ အနီနဲ့ဝိုင်းထားတာတွေဟာ ကျွန်တော်တို့ ခေါ်ယူသုံးမယ့် sql database file (၃) ဖိုင်ပါ။ မပေါ်ရင် တော့ file directory ညွန်းတာမှားနေလို့ ဖြစ်ပါတယ်။ အဲဒါဆို sql shoutcut ကို right click > properties >start in မှာ "C:\Documents and Settings\Administrator\Desktop\Exercise Files\SQL" အဲဒီအတိုင်းရိုက်ထည့်လိုက်ပါ။ ဒါဆို ပေါ်လာပါလေ့မယ်။
အခု admin account မှာ အဲဒီ file သုံးခုကို ယူသုံးပါမယ်။ အောက်ကပုံစံအတိုင်း ထပ်ရိုက်ပါမယ်။
>  -u admin -p < album-mysql.sql
password တောင်းပါလေ့မယ်။ အစောက ပေးခဲ့တဲ့ admin password ပေးလိုက်ပါ။ ပြီးလျှင် နောက်ထပ် test sql ဖိုင်ခေါ်ပါမယ်။
>  -u admin -p < test-mysql.sql
အပေါ်ကလိုပါပဲ password ပေးလိုက်ပါ။
>  -u admin -p < world-mysql.sql
password ပေးပါမယ်။ အခုဆို data တွေတည်ဆောက်ထားတဲ့ sql ဖိုင် သုံးဖိုင်လုံးကို import လုပ်ပြီးပါပြီ။ အခု user admin ကို စဖွင့်ပြီး ခေါ်ကြည့်ကြရအောင်။
>  -u admin -p 
Enter password: *****
mysql> SHOW databases;

အခု test ဆိုတဲ့ database ကို ယူသုံးကြည့်ရအောင်။
mysql > use test ;

mysql> show tables;

table တွေဘယ်နှစ်ခုရှိလဲ ကြည့်ပါမယ်။ table သုံးခုကို ပြပါလေ့မယ်။

Table_in_test
Customer
Item
sale
အခု item ဆိုတဲ့ table ကို select လုပ်ပြီး ယူပါမယ်။
mysql> select * from item;

ဒီမှာ ခရေပွင့် ပုံစံကြယ်လေးဟာ table ကြီး တစ်ခုလုံးကို select လုပ်တာကို ရည်ညွန်းပါတယ်။
 
အခု album database ကို ယူကြည့်ရအောင်။
mysq> use album;
mysql> show tables;
Table_in_album
album
track
အဲဒီကမှ album table ကို ယူကြည့်ရအောင်
mysql> select * from album;


ဥပမာတွေနော်..တကယ် data တွေသွင်းထားတဲ့ဟာကျတော့ ကိုယ့်သာကို စိတ်ကြိုက်ဆောက်ပေါ့ဗျာ။ အခုဟာက window က sql ဖိုင်တွေကို သုံးပုံသုံးနည်း နမှုနာရှင်းပြနေတာပါ။
World ကို အသုံးပြုကြည့်ရအောင်
mysql> use world;
mysql>show tables;

mysql> select count(*) from city
count(*)
4079
ဒီနေရာမှာ count နဲ့သုံးတာဟာ အရေအတွက်ကို ပြောတာပါ။ city ဘယ်လောက်ထိရှိလဲကို select လုပ်ရေတွက်တာပါ။ ဒီထဲမှာ city 4079 ရှိတာကို ပြပါတယ်။အခု country ကို ခေါ်သုံးကြည့်ရအောင်။
mysql> select count(*) from country;
count(*)
239
ဒီတိုင်းမျိုး အကုန်လုံး ထွက်ရင် မှန်ပါပြီ။ ဒါဆို window ပေါ်က database file တွေကို Import လုပ်တဲ့ အပိုင်းပြီးပါပြီ။

0 comments: