“ရှင်တော်မြတ်ဘုရားဟောကြားတဲ့ တရားဒေသနာတော်သည် တရားတော်ကို တကယ်လက်တွေ့ လိုက်နာကျင့်သုံးတဲ့ပုဂ္ဂိုလ်ကို အဲဒီတရားက စင်စစ်ဧကန်တကယ့်ကိုပါပဲ ဘေးမရောက်အောင် ကာကွယ် စောင့်ရှောက်ပေးတက်ပါကုန်၏။
ရှင်တော်မြတ်ဘုရားတိုင်းဟောကြားတဲ့ တရားဒေသနာများဟာ တကယ်တော့ အဲဒီတရားတော်အတိုင်း တကယ်လိုက်နာကျင့်သုံးတဲ့ပုဂ္ဂိုလ်ကို တရားကပဲ မိမိကို ဘေးဒုက္ခဆင်းရဲက ကာကွယ်စောင့်ရှောက်ပေး ပါတယ်။ သံဃာတော်အရှင်မြတ်တွေ ပရိယတ္တိစာပေတွေတွေကို သင်ကြားနေကြတယ်။ ရှင်တော်မြတ် ဘုရားမိန့်ကြားတဲ့အတိုင်း ဝိနည်းဒေသနာတော်အတိုင်းနေကြတယ်။ အဲဒီလိုဝိနည်းနဲ့ ညီအောင်နေကြ တော့ အဲဒီဝိနည်းကပဲ ဘဝသံသရာကောင်းကျိုး လက်ရှိပစ္စပ္ပုန် ကောင်းကျိုးတွေကို ဝိနည်းကစောက် ရှောက်တော်မှုပါတယ်။ ဝိနည်းနဲ့ညီအောင်နေကြတော့ လောက လူသားတွေ ကြည်ငြိုလေးစား ခြင်းကိုလည်း ခံကြရပြန်ပါတယ်။ ဘဝသံသရာအတွက်လွတ်မြောက် ခြင်းကိုလည်း အဲဒီဝိနည်းကပဲ ပေးပါတယ်။ ပြောချင်တာက ကျွန်တော်တို့တွေအများစုလွဲမှားနေကြတာဟာ ဓမ္မဆိုတဲ့နေရာမှာ တချို့က ပြောလိုက်ရင် တရားအားထုတ်တာတစ်ခုပဲလို တွေးကြပါတယ်။ အမှန်တကယ်တော့ အဲဒီလိုမဟုတ်ပါဘူး။  " ဓမ္မဆိုတာ သင်တဲ့ဓမ္မ၊ ပို့ချတဲ့ ဓမ္မ၊ ရှောင်ကြင်တဲ့ဓမ္မ၊ ပွားများအားထုတ်တဲ့ ဓမ္မ"ရယ်လို့ ရှိကြပါတယ်။

သံဃာတော်အရှင်သူမြတ်တွေ သင်ကြားနေကြတဲ့၊ ကျင့်သုံးနေကြတဲ့ ပရိယတ္တိစာပေတွေကပဲ သံဃာတော်အရှင်သူမြတ်တွေကို ဒီဘဝ ချမ်းသာ၊ ဘဝသံသရာချမ်းသာတွေကို ပေးစွမ်းပါတယ်။ ဒါကြောင့် ဓမ္မဟာ ဒီဘဝမှာပဲ ဘေးဒုက္ခမကျအောင် ကာကွယ်စောက်ရှောက်ပေးပါတယ်။ မိမိတို့သင်ကြားလိုက်တဲ့ ပရိယတ္တိဓမ္မကပဲ မိမိတို့၏ဘဝစွမ်းရည် သံသရာစွမ်းရည် တိုးတက်အောင် စောက်ရှောက်ပေး လိုက်ပါတယ်။  သင်တဲ့၊ အံံ့တဲ့ ကျွန်တော်တို့ဆို ရွတ်တဲ့ ဖတ်တဲ့ ဓမ္မမျိုးစုံတွေသည် ဘဝမှာကြုံလာတဲ့ ဆင်းရဲဒုက္ခမျိုးစုံကနေ အမြန်ဆုံးလွတ်မြောက်အောင် ကာကွယ်စောက်ရှောက်ပေးပါတယ်။ ငယ်စဉ်တောင်ကျေး ဘဝမှာ ပညာရေးနယ်ပယ်၊ လူလတ်တန်းစားဘဝရောက်လာတော့ စီးပွားရေးနယ်ပယ်၊ နောက်တစ်ဆင့်တွဲလာတာကတော့ လူမှုရေးနယ်ပယ်၊ နောက်ဆုံးအသက်ရွယ် ကြီးလာတဲ့အထိ ဘဝရဲ့လွတ်မြောက်ကြောင်းတရားတွေ အားထုတ်တဲ့ ဘာသာရေးနယ်ပယ်အထိ နယ်ပယ်မျိုးစုံကူးကြတဲ့အခါ ကိုယ့်နယ်ပယ်ကို ပြန်သုံးသပ်ကြည့်ကြတဲ့အခါ သူဟာနဲ့သူ အထိုက်အလျောက်တော့ အခက်အခဲမျိုးစုံရှိခဲ့ကြပါတယ်။ အဲဒီလို အခက်အခဲတွေ ဆင်းရဲတွေနဲ့ကြုံကြိုက် ရပြီဆိုရင် တော်တော်များများသည် အဲဒီဆင်းရဲကို အကြာကြီးနေချင်ကြတဲ့သူမရှိကြပါဘူး။ အဲဒီဆင်းရဲက နေ အမြန်ထွက်သွားချင်ကြတဲ့သူကြည့်ပါပဲ။
အဲဒီလိုထွက်သွားကြဖို့ လွတ်မြောက်မှုရှာတဲ့အခါ တနည်းအားဖြင့် ထွက်ပေါက်ရှာတဲ့အခါ လမ်းကြောင်းမလွဲသွားဖို့ အရေးကြီးပါတယ်။ ပညာရေးတွေ ကျရှုံးလာပြီ၊ စီးပွားရေးတွေ ကျဆင်းလာပြီ၊ လူမှုရေးတွေ ကျဆင်းလာပြီဆိုရင် တော်တော်များများဟာ လွတ်မြောက်မှုကိုပေးတဲ့ တရားကို အားကိုးရှာရမဲ့အစား တခြားကနေ ထွက်ပေါက်တွေ ရှာကြပါတယ်။ အဲဒီလိုထွက်ပေါက်တွေမှားတဲ့အခါ ထွက်ပေါက်တွေနှေးသွားပြီး ထွက်ပေါက်ထဲမှာ သံသရာလည်နေပြီးတော့ ထွက်ပေါက်တွေပျောက်နေတဲ့ အထိ ရှိနေတက်ကြပါတယ်။ဒါကြောင့် “အားကိုးမှားပြီး လမ်းကြောင်းမမှား နေဖို့” အဲဒါလေး သတိထားကြဖို့လိုပါတယ်။ ပြောချင်တာက ပရိယတ္တိ ဓမ္မ သင်တယ် အံ့တယ် ပို့ချတယ် ရွတ်ဖတ်တယ် ပွားများတယ်ဆိုတဲ့နေရမှာ ဓမ္မအားလုံးဟာ အဓမ္မလို့ခေါ်တဲ့ လမ်းကြောင်းမမှန်တာထက်ဆာရင်တော့ တန်ဖိုးတစ်ခု ကြီးမားနေပါတယ်။ ဒါလေးကို သတိထားမိလိုက်ဖို့ပါ။ အဲဒီလိုကောင်းတဲ့ဓမ္မတွေ အားထုတ်နေတော့ ဘုန်းကံတွေမြင့်မားပြီး အတိတ်က မိမိကိုယ် အကျိုးပေးမဲ့၊ မိမိပြုလုပ်ခဲ့တဲ့ မကောင်းတဲ့အကုသိုလ်ကံ ရှိစေထားဦးတော့။ အဲဒီ မကောင်းတဲ့အကုသိုလ်ကံဟာလည်း ဝင်ရောက်အစား ထိုးပြီးတော့ အကျိုးမပေးနိုင် ရှိနေတော့မှာပါ။
ဒါကြောင့် နေ့စဉ်ရက်ဆက် ကောင်းကောင်းကို ကျင့်ကြံထားတဲ့ တရားဒေသနာတော်သည် ဒီဘဝချမ်းသာ နှင့် ဘဝသံသရာချမ်းသာ မရရအောင် ပို့ဆောင်ပေးနေပါတယ်။ ဘဝသံသရာတွေကို မယုံဘူးရှိစေထားဦး တော့ လက်ရှိပစ္စုပ္ပန်ဘဝ၊ အနာဂါတ်ဘဝ စိတ်ချမ်းမှုတွေ တကယ်ချမ်းသာအစစ်တွေကို ပေးစွမ်းပါတယ်။

၁။ နေ့စဉ်ရွတ်အံ့ထားတာ၊ ပို့ချထားတာ၊ ရွတ်ဖတ်ထားတာ၊ ဒါဟာ နူတ်နဲ့ပဲဆိုင်တာပါ။ လက်တွေ့တကယ်မကျင့်ကြံလိုက်သေးပါဘူး။ အဲဒီလို ရွတ်အံ့ထားတာ ရွတ်ပွားထားတဲ့ တရားတော်တွေသည် ဘဝမှာ ကြုံလာတဲ့ တွေ့လာတဲ့ ဆင်းရဲဒုက္ခတွေကို ကာကွယ်စောင့်ရှောက်ပေးပါတယ်။ ဒါက ကာကွယ်စောက်ရှောက်ပေးယုံပဲရှိသေးပါတယ်။ ကျင့်ကြံအားထုတ်ထားတဲ့တရားဒေသနာတော်မှာကျတော့ ဒီဘဝချမ်းသာနှင့် ဘဝသံသရာချမ်းသာကို မြင့်မားအောင့် စောက်ရှောက်ပေးပါတယ်။ နောက်တစ်ခုပြောချင်တာက သင်ကြားပို့ချရွတ်ပွားယုံ တင်မဟုတ်ဘူ ဒီထက်တစ်ဆင့်မြှင့်လိုက်ပြီးတော့ -

၂။ မိမိရဲ့ကာယကံကို မိမိရဲ့၀ဇီကံကို ထိန်းပြီးတော့ မနောကံ ဆိုတဲ့ စိတ်ကလေးငြိမ်အောင် နေ့တိုင်းနေ့တိုင်းကျင့်လိုက်တဲ့ တရားဒေသနာကြတော့ ဒီဘဝကိုယ်စိတ်ချမ်းသာ ဘဝသံသရာ ကိုယ်စိတ်ချမ်းသာကို ရအောင်စောင့်ရှောက်ပေးပါတယ်။
နောက်ထပ် ဒီထက်တစ်ဆင့်မြှင့်လိုက်တော့ -

၃။ တရားကို နေ့စဉ်ရက်ဆက် တကယ်ကျင့်ကြံအားထုတ်ထားတဲ့ ပုဂ္ဂိုလ်သည် အပယ်ဒုက္ခတိ မကောင်းတဲ့ဘဝသို့ ဘယ်တော့မှ မရောက်နိုင်ပါ။ ဒါကြောင့် ဒီထက်ကျင့်ကြံလိုက်တော့ ပိုပြီးတော့ ပိုပြီးတော့ အကျိုးများလာပါတယ်။ သင်ရုံတင်မဟုတ်ပါဘူး၊ အံ့ယုံတင် မဟုတ်ပါဘူး၊ ရွတ်ပွားယုံတင် မဟုတ်ပါဘူး နေ့စဉ်နေ့တိုင်း ကျင့်ကြံအားထုတ်ထားတဲ့တရားတော်ကို နေ့စဉ်နေ့တိုင်းကျင့်ကြံအား ထုတ်ထားလို့ ဝိပဿနာဉာဏ်စဉ်တွေ ဒီထက်တဆင့်မြင့်တဲ့ မဂ်ဉာဏ် ဖိုဉာဏ်တွေအား ထုတ်နိုင်တယ်ဆိုရင်တော့ မကောင်းတဲ့ဘဝကို အဲဒီပုဂ္ဂိုလ်ဘယ်တော့မှ မရောက်တော့ပဲ ဘဝအဆက် ဆက်ပညာဉာဏ်တွေ ကြီးမားလာရပါတယ်။ ဒါကြောင့်တရားဟာ ကျင့်ရင်ကျင့်ကြံနိုင်သလောက် အကျိုးပွားများရပါတယ်။

အပယ်ငရဲဘုံတွေ နတ်ပြည်တွေမယုံဘူးပဲထားပါဦး။ မြတ်စွာဘုရားဟောခဲ့တဲ့ သီလလို့ခေါ်တဲ့ ကိုယ်ကျင့် တရားကို လုံအောင် သတိလေးနဲ့စောက်ရှောက်တော့ ကိုယ့်ရဲ့စိတ်ဟာတည်ငြိမ်လာပြီး စိတ်ချမ်းသာမှု ရရှိလာပြီးတော့ သမာဓိဆိုတဲ့ ခိုင်မြဲမှုတွေရှိလာပြီးတော့ ပညာဆိုတဲ့ ဉာဏ်ပညာတွေ တိုးပွားလာပြီး စိတ်ဆုံးဖြတ်ချက် ချရမှာ မှန်ကန်လာမယ်။ တည်ကြည်လာမယ်။ လမ်းကြောင်းတွေ မှန်လာပါလိမ့်မယ်။ ဒါကြောင့် ပညာဉာဏ်ကြီးမားဖို့ သီလ၊ သမာဓိ၊ ပညာဆိုတဲ့ သုံးပါကို ကျင့်သုံးဖို့ အရေးကြီးပါတယ်။ ဒီဘဝမှာတင် သမာဓိတွေခိုင်မြဲလာပြီး နောင်ဘဝ ဘဝသံသရာ ဒီထက် တစ်ဆင့်ထက်တစ်ဆင့် ပညာဉာဏ်တွေကြီးမာလာဖို့ပဲရှိပါတယ်။ ဒါကြောင့် ပြောချင်တာက တရားကို ပွားများရင်ပွားများ သလောက် တစ်ဆင့်ထက်တစ်ဆင့်တက်ပြီးတော့ အကျိုးများဖို့ပဲ ရှိလာပါလိမ့်မယ်။ ဒါကြောင့် ဘဝသံ သရာမှာအားကိုးရှာရမှာ အားကိုလွဲစေရအောင် တက်နိုင်သလောက်တရားဓမ္မကို အားထုတ်ပြီး ဒီဘဝ ချမ်းသာ ဘဝသံသရာချမ်းကို ရှာဖွေနိုင်ကြပါစေ ခင်ဗျာ။

1 comments:

ဇူး said...

"ဓမ္မတရားအကြောင်း ဖတ်ရှု့ရတဲ့ အတွက် ကျေးဇူးပါ... "