“ရှင်တော်မြတ်ဘုရားဟောကြားတဲ့ တရားဒေသနာတော်သည် တရားတော်ကို တကယ်လက်တွေ့ လိုက်နာကျင့်သုံးတဲ့ပုဂ္ဂိုလ်ကို အဲဒီတရားက စင်စစ်ဧကန်တကယ့်ကိုပါပဲ ဘေးမရောက်အောင် ကာကွယ် စောင့်ရှောက်ပေးတက်ပါကုန်၏။”
ရှင်တော်မြတ်ဘုရားတိုင်းဟောကြားတဲ့ တရားဒေသနာများဟာ တကယ်တော့ အဲဒီတရားတော်အတိုင်း တကယ်လိုက်နာကျင့်သုံးတဲ့ပုဂ္ဂိုလ်ကို တရားကပဲ မိမိကို ဘေးဒုက္ခဆင်းရဲက ကာကွယ်စောင့်ရှောက်ပေး ပါတယ်။ သံဃာတော်အရှင်မြတ်တွေ ပရိယတ္တိစာပေတွေတွေကို သင်ကြားနေကြတယ်။ ရှင်တော်မြတ် ဘုရားမိန့်ကြားတဲ့အတိုင်း ဝိနည်းဒေသနာတော်အတိုင်းနေကြတယ်။ အဲဒီလိုဝိနည်းနဲ့ ညီအောင်နေကြ တော့ အဲဒီဝိနည်းကပဲ ဘဝသံသရာကောင်းကျိုး လက်ရှိပစ္စပ္ပုန် ကောင်းကျိုးတွေကို ဝိနည်းကစောက် ရှောက်တော်မှုပါတယ်။ ဝိနည်းနဲ့ညီအောင်နေကြတော့ လောက လူသားတွေ ကြည်ငြိုလေးစား ခြင်းကိုလည်း ခံကြရပြန်ပါတယ်။ ဘဝသံသရာအတွက်လွတ်မြောက် ခြင်းကိုလည်း အဲဒီဝိနည်းကပဲ ပေးပါတယ်။ ပြောချင်တာက ကျွန်တော်တို့တွေအများစုလွဲမှားနေကြတာဟာ ဓမ္မဆိုတဲ့နေရာမှာ တချို့က ပြောလိုက်ရင် တရားအားထုတ်တာတစ်ခုပဲလို တွေးကြပါတယ်။ အမှန်တကယ်တော့ အဲဒီလိုမဟုတ်ပါဘူး။ " ဓမ္မဆိုတာ သင်တဲ့ဓမ္မ၊ ပို့ချတဲ့ ဓမ္မ၊ ရှောင်ကြင်တဲ့ဓမ္မ၊ ပွားများအားထုတ်တဲ့ ဓမ္မ"ရယ်လို့ ရှိကြပါတယ်။