အဘိဓဇမဟာရဋ္ဌဂုရု တိပိဋကဓရဓမ္မဘဏ္ဍာဂါရိကဘဒ္ဒန္တအရှင်ဝိစိတ္တသာရာဘိဝံသ၏ ဘဝချမ်းသာရေးလမ်းစဉ်

 နေ့စဉ် သွားလာမူ၊ နေထိုင်မူတွေဟာ သာမန်ကျွန်တော်တို့ လုပ်ရိုးလုပ်စဉ်တွေတိုင်းပါပဲ။ ကျွန်တော်တို့ စိတ်အနှောက်အယှက် ကြုံလာမူဖြစ်လာတဲ့အခါ၊  အဆင်မပြေတာတွေ ကြုံလာမူဖြစ်လာတဲ့အခါ ကျွန်တော်တို့စိတ်သန္တာန်ထဲမှာ စိတ်ထွက်ပေါက်တွေကို ရှာလာတက်ကြပါတယ်။ အဲဒီအချိန်မှာ မမှားသင့်တာတွေလည်း မှားသွားတက်ကြတယ်။ မပြုလုပ်သင့်တာတွေလည်း ပြုလုပ်သွားတက်ကြတယ်။ အဲဒီလိုအချိန်မှာ ကောင်းတဲ့အရာတွေနဲ့ တွေ့ရင်ကောင်းတာတွေဖြစ်သွားတက်ကြတယ်။ အဲဒီလိုကောင်းတာလေးတွေနဲ့ပဲ ကြုံရဆုံရအောင်ကလမ်းစဉ်လေးတွေကို မြတ်စွာဘုရား ဟောကြားခဲ့ပါတယ်။ တကယ့်အဖြစ်အပျက်နဲ့ကြုံတဲ့အခါ  မြတ်စွာဘုရားဟောကြားခဲ့တဲ့တရားတွေဟာ လက်တွေ့အဖြစ်သို့ရောက်သွားကြပါတယ်။ 

၁။ နေ့စဉ်ကောင်းမှုကုသိုလ်တရားများ၌ မမေ့မလျော့စဉ်းစားပါ။
၂။ လူဖြစ်လာလျှင် လူ၏တန်ဖိုးကို သိအောင်ကြိုးစားပါ။
၃။ မည်သူတရားပျက်ပျက် သင်မပျက်ပါစေနဲ့၊ သတိထားပါ။
၄။ သင့်ကို အကြောင်းပြုပြီး သူများစိတ်မဆင်းရဲပါစေနဲ့။
၅။ မိဘကို စားနိုင်တဲ့အခါမှာ ကျွေးပါ၊ သေမှ ငိုမနေပါနဲ့။
၆။ သူများအပြစ်ကို မပြောပါနဲ့၊ ကိုယ့်အပြစ်ကိုသာ ရှုပါ။
၇။ ဗြဟ္မစိုရ်တရားအမြဲပွားများ၍ ကိုယ်တွင်းသီလတရားမြဲပါစေ။
၈။ အလိုက်သိပါ၊ အားနာပါ၊ အရှက်အကြောက်ရှိပါ။
၉။ ကြီးသူကို ရိုသေပါ၊ ရွယ်တူကိုလေးစားပါ၊ ငယ်သူကိုသနားပါ။
၁၀။ မစူးမစမ်းမဆင်ခြင်ပဲမပြောပါနဲ့၊ မလုပ်ပါနဲ့၊ အမြဲသတိထားပါ။
၁၁။ နေရာတိုင်းမှာ စိတ်သဘောကြီးကြီးထားပါ။
၁၂။ နိုင်လိုသူကို အရှုံးပေးက စိတ်နှလုံးအေးမြသည်။
၁၃။ စကားပြောသောအခါ မျှမျှတတပြောဆိုပါ။
၁၄။ မိမိကိုယ်ကို နေ့စဉ်စစ်ဆေးနိုင်မှ ကြီးပွားနိုင်သည်။
၁၅။ မကောင်းတဲ့ အကုသိုလ် စိတ်ရိုင်းစိတ်မိုက်များကို ပယ်ရှားပါ။
၁၆။ သူများကြီးပွားချမ်းသာတာကို မနာလိုမရှုစိမ့် မရှိပါစေနဲ့။
၁၇။ နေရာတိုင်းမှာ ကိုယ်ချင်းစာတရား များများထားပါ။
၁၈။ မိမိကိုယ်ကို ဆုံးမခြင်းက သာလွန်၍ ကောင်းသည်။
၁၉။ မာနကိုနှိမ့်ချ၊ လူ၏ တန်ဖိုးကိုမြှင့်တင်ပါ။
၂၀။ အရာရာမှာ စေတနာသန့်သန့်နှင့် စိတ်ကောင်းတစ်ခုထားပါ။(မွန်မြတ်သော ဝိပဿနာတရားကို အားထုတ်ဖြစ်အောင် ကြိုးစားပါ။)
http://mingun.us/frontpageမင်းကွန်းတိပိဋက မှ ကူးယူဖော်ပြပူဇော်ထားပါသည်။

0 comments: