တရစပ်ဖြစ်ပျက်ပြောင်းလဲအစားထိုးနေတဲ့မေတ္တာစိတ်များကို
ငါ့မေတ္တာလို့ ထင်တာ……………
တရစပ်ဖြစ်ပျက်ပြောင်းလဲအစားထိုးနေတဲ့ဒေါသစိတ်များကို
ငါ့ဒေါသလို့ ထင်တာ…………..
တရစပ်ဖြစ်ပျက်ပြောင်းလဲအစားထိုးနေတဲ့စေတနာလေးများကို
ငါ့စေတနာလို့ထင်တာ……......
တရစပ်ဖြစ်ပျက်ပြောင်းလဲအစားထိုးနေတဲ့ဝန်တိုစိတ်လေးများကို
ငါ နှမျောတာလို့ထင်တာ...............
တရစပ်ဖြစ်ပျက်ပြောင်းလဲအစားထိုးနေတဲ့သိစိတ်လေးတွေကို
ငါ သိတယ်လို့ ထင်တာ…………
တရစပ်ဖြစ်ပျက်ပြောင်းလဲအစားထိုးနေတဲ့ခံစားမှုလေးတွေကို
ငါခံစားရတာလို့ ထင်တာ……
ခဏမစဲ တသဲသဲဖြစ်လာလိုက် ပျက်သွားလိုက်ဖြစ်နေတဲ့သောကစိတ်လေးတွေကို
ငါ ပူပန်နေတယ်၊ ငါသောကဖြစ်နေရတယ်လို့ထင်တာ……
အကြောင်းတိုက်ဆိုင်တိုင်းတရစပ် အစားထိုးပျက်စီးနေတဲ့အတွေးစိတ်လေးတွေကို
ငါစဉ်းစားတယ် ထင်တာ………….
အကြောင်းတိုက်ဆိုင်တိုင်းပေါ်လိုက်ပျောက်လိုက်ဖြစ်နေတဲ့ မှတ်သိစိတ်လေးတွေကို
ငါ မှတ်မိတယ် ထင်နေတာ………
အကြောင်းတိုက်ဆိုင်းတိုင်းပေါ်လိုက်ပျောက်လိုက်ဖြစ်နေတဲ့ဝေဒနာလေးတွေကို
ငါ့ဝေဒနာလို့ ထင်နေတာ…………..
အကြောင်းတိုက်ဆိုင်းတိုင်းပေါ်လိုက်ပျောက်လိုက်ပူတဲ့သဘောလေးတွေကို
ငါပူတယ်လို့ထင်နေတာ...................
အကြောင်းတိုက်ဆိုင်တိုင်းဖြစ်ပျက်ပြောင်းလဲနေတဲ့တင်းတဲ့တောင့်တဲ့နာတဲ့သဘောလေးတွေကို
ငါတင်းတယ်၊ ငါတောင့်တယ်၊ ငါ နာတယ်လို့ ထင်နေတာ……

0 comments: