ဪ…
   ဘာလိုလိုနဲ့ သင်္ကြန်တောင် ရောက်ပါကောလား။ ဒီနှစ်ရောဆိုသင်္ကြန်ဟာ ကိုယ်နဲ့မဆိုင်တာ (၇) နှစ်ရှိသွားပြီနော်။ အရင်တုန်းကဖြစ်ခဲ့တဲ့၊ရှိခဲ့တဲ့ လွတ်လပ်တဲ့လူသားတစ်ယောက်တုန်းက
လို “သင်္ကြန်နီးလေ အလိုလိုစိတ်ထဲသိပ်ပျော်တာပဲလေ ရင်ခုန်သံလှိုင်းတွေ လွန့်လူးစေ” ဆိုတာလေးတွေဟာ ဒီချိန်မှာတော့ ရှာမရ ဖွေမရပါပဲ။ ဘယ်နားရောက်လို့ ဘယ်နားမှာသွားရှာရမှာလဲ။ 

ဘာပဲဖြစ်ဖြစ် ကျွန်တော်ကျေနပ်ပါတယ်။ အရာအားလုံးဟာ အကောင်းချည်းပဲဖြစ်လာတာပါ။ ကျွန်တော်တို့ကျောင်းမှာတော့ တချို့တွေက ဥပုဒ်သီတင်းသီလစောင့်ယူကြ၊ တရားစခန်း ဝင်ကြ၊ တချို့တွေက တရားစခန်းဝင်သူတွေရဲ့ဝေယျာဝစ္စအတွက် ကုသိုလ်ယူပြီး ချက်ပြုတ်ပေးကြ၊ တချို့တွေက သင်္ကြန်အတွင်းအလှူအတန်းလုပ်ချင်လို့ကြိုပြီးတော့ အလုအယက် စရင်းတင်သွင်းကြနဲ့၊ တချို့တွေဆို မလှူလိုက်ရလို့  ငိုနေတဲ့သူတောင် ရှိချင်ရှိမှာ..ဟီး။မထင်လိုက်ပါနဲ့လို့။ ဘာပဲပြောပြော ကြည်နူးစရာကောင်းပါတယ်။ လှူတဲ့သူတော့ ဘယ်လိုနေမယ်မသိဘူး။ ကျွန်တော် ဘေးနားက သိရတဲ့လူတောင် စိတ်ထဲအလွန်ဝမ်းသာပီတိတွေဖြစ်နေတယ်။ဪ..တကယ်ဆိုကျွန်တော် တို့အတွက်  ဘာပဲပြောပြော ဒါဟာခဲယဉ်းပါတယ်။လုပ်ချင်တော့လည်း ဖြစ်အောင်လုပ်ကြတာပါပဲ။ ဒီလိုမျိုးလေးတွေဖြစ်လာဖို့ စီစဉ်ပေးတဲ့သူတွေ၊ ဝိုင်းဝန်းကူညီကြတဲ့သူတွေ၊ ကုသိုလ်ဒါနပြုကြတဲ့သူတွေ၊ တရားအားထုတ်ကြတဲ့သူတွေ အားလုံးအားလုံး မွန်မြတ်ပါပေ့ စိတ်ထားတွေ။ အားလုံး လိုရာဆန္ဒတွေ တောင့်တအပ်တဲ့ရည်ရွယ်အပ်တဲ့ မျှော်မှန်းချက်တွေ ရရှိပါစေလို့ ဆုတောင်းပေးပါတယ် ခင်ဗျာ။ ဘာပဲပြောပြော ကျွန်တော်တို့ကျောင်းရဲ့ စည်းလုံးညီညွတ် အလွန််ရှိမူလေးပါပဲ။ ဝမ်းသာပါတယ်။ ရုရှားရောက်ချစ်အစ်ကိုညီများ။ ဒီချိန်မှာရေမြေခြားသူငယ်ချင်းတို့လည်းချစ်ခင်စရာမြန်မာတို့ရဲ့
ဓလေ့ထုံးတမ်းအစဉ်အလာပျော်ရွှင်မြူးတူးကြတဲ့ သင်္ကြန်ကိုတော့ လွမ်းဆွတ်တမ်းတမိမှာ အမှန်ပါပဲ။ ဟိုး.. ပြောရင်းဆိုရင်းတောင် ဟိုပက်အခန်းက “တူးပို့ တူးပို့”သီချင်းတွေ နဲ့သင်္ကြန်ကြနေကြပြီနဲ့တူတယ်။ ငါတို့လည်းသင်္ကြန်ကျလိုက်ဦးမှ။ ကဲ ပြောနေကြတယ်…..:) :P။
အော်..ဆုတောင် မတောင်းပေးရသေးဘူး။

အားလုံးနှစ်သစ်မှာ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာနဲ့ရည်မှန်းချက်ပန်း
တိုင်များကိုဆွတ်ခူးနိုင်ကြပါစေခင်ဗျာ။

0 comments: