ဘဝမှာအရေးကြီးဆုံး ဘာရှိဖို့လိုအပ်သလဲဆိုရင် ကျွန်တော် စိတ်ကောင်းရှိဖို့သာလျင် ပထမအရေးကြီးဆုံးလို့ ကျွန်တော်ဖြေဆိုမှာ ဖြစ်ပါတယ်။ အောက်မှ မဟာဂန္ဓာရုံဆရာတော်ကြီးချပြခဲ့တဲ့ စည်းမျဉ်း(၁၀)ချက်ဟာ အဆင့်လိုက်ထားရှိရမည့် လိုက်နာမူစည်းကမ်းတွေပါပဲ။ ပညာတွေအင်မတန်တော်ပြီး၊ ဘယ်လောက်ပြည့်စုံကြွယ်၀ ကြွယ်၀၊ စိတ်ထားမမြင့်မြတ်ဘူးဆိုရင် အဲဒီလူဟာ ဘယ်လိုမှ လောကကို အကျိုးပြု စွမ်းဆောင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ပညာတက်ဖို့ထက်၊ စိတ်ထားမြင့်မြတ်ဖို့သာလျှင် ကျွန်တော်အရေးကြီးဆုံးလို့ပဲ သတ်မှတ်ပါတယ်။မဟာဂန္ဓာရုံဆရာတော်ဘုရားကြီးက မိမိကျောင်းမှာရှိတဲ့ စာသင်သားများကို လိုက်နာဖို့ စည်းမျဉ်း (၁၀) ချက်သတ်မှတ်ခဲဲ့ပါတယ်။ အဲဒီစည်းမျဉ်း (၁၀)ချက်ကို ဆရာတော်ကြီးရဲ့ ဘဝနေနည်း (၁၀) ချက်လို့လည်း ခေါ်ဆိုနိုင်ပါတယ်။ ဆရာတော်ကြီးရဲ့ စည်းမျဉ်း (၁၀) ချက်ကတော့-
၁။ စိတ်ကောင်းရှိဖို့က ပထမ
၂။ ဝိနည်းလေးစားဖို့က ဒုတိယ
၃။ ကျန်းမာဖို့က တတိယ
၄။ သန့်ရှင်းဖို့ စတုတ္တ
၅။ အဝတ်အစားဝတ်တတ်ဖို့က ပဥ္စမ
၆။ အနေအထိုင်တတ်ဖို့က ဆဋ္ဌမ
၇။ အသွားအလာတတ်ဖို့က သတ္တမ
၈။ အပြောအဆိုတတ်ဖို့က အဋ္ဌမ
၉။ စည်းကမ်းလိုက်နာဖို့က န၀မ
၁၀။ စာတတ်ဖို့က ဒသမ ဖြစ်ပါတယ်။

 ဓမ္မမိတ်ဆွေ သူတော်ကောင်းအပေါင်းတို့ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။

0 comments: