Friday, April 2, 2010

There is no mistake,only lessons

ကျဆုံးခဲ့ဘူးတဲ့ အရာတစ်ခုကို တစိမ့်စိမ့်တွေးပီး ဆွေးမနေစေချင်ဘူး၊ အဲဒါက ဘာနဲ့တူလဲဆိုရင် စားသောက်လို့ မရတဲ့ ထမင်းသိုးဟင်းသိုးထုပ်ကြီး ခေါင်းပေါ်ရွက်ပီး လျှောက်နေသလို ကိုယ်လည်း စားလို့မရ၊ လွင့်လဲမပြစ်ရက်၊ အသုံးမဝင်ပါဘူး၊ ဘာမှားခဲ့ သလဲ၊ စဉ်းစား ပြန်ပြင်၊ နောက် အဲဒီလိုမမှားအောင်လုပ်၊ ဆက်လျှောက်၊ မနေ့ကလုပ်ခဲ့တဲ့အလုပ်ဟာ ဒီနေ့အတွက် အကျိုးတရား၊ ဒီနေ့လုပ်တဲ့ လုပ်ရပ်က မနက်ဖန်ရဲ့ ပုံရိပ်၊ ရှေးကကောင်းလို့ ခုကောင်းတယ်၊ ခုကောင်းရင် နောင် ကောင်းပါလိမ့်မယ်၊ ရှေးကမကောင်းလို့ ခုမကောင်းတယ်၊ ခုမကောင်းရင် နောင်မကောင်းပါလိမ့်မယ်...
အရှင်သာဓိန (ခေတ္တ၊ ဘုံဘေ)

0 comments: