သား။   အဖေ--လောကကြီး ဘာကြောင့် ဖြစ်လာတာလဲဟင်?
အဖေ။  ဘာကြောင့်မှ ဖြစ်လာတာမဟုတ်ဘူး ဖြစ်ချင်သလို ဖြစ်နေကြတာ။
သား။   အဖေ--အခြားဂြိုဟ်တွေမှာရော သက်ရှိတွေ ရှိနိုင်မလားဟင်?
အဖေ။  ဘာမှ မရှိဘူး။ ဘာတွေ ရှိရှိ အရေးမကြီးဘူး။ ငါတို့(ဆင်းရဲသားတွေ)ငွေတွေရဖို့ ချမ်းသာဖို့သာ                
အရေးကြီးတယ်။
သား။   သား ဘာလို့ လူ့လောကကြီးထဲရောက်လာတာလဲဟင်?
အဖေ။  မင်းအမေနဲ့ ငါ ရလို့ ပေါ့ကွ။
သား။   အဖွားဆုံးတာ တစ်လလောက်ပြည့်ပြီ။အဖွား အခုဆို ဘယ်ဘဝရောက်နေလဲဟင်?
အဖေ။  သေပြီး ဘာဘဝမှ ဆက်မဖြစ်ဘူး။ မြေဩဇာပဲဖြစ်တယ်။
သား။   ဒါဆို အဖွားက မြေဩဇာလောက်ပဲ တန်ဖိုးရှိတာပေါ့နော်။ အင်း --ဒါနဲ့ အဖေသေရင် အဖွားလို နိဗ္ဗာန်ယာဉ်ကြီးနဲ့ မသယ်သွားခိုင်းနဲ့။
အဖေ။  “ဟေ ဘာဖြစ်လို့လဲကွ?”
သား။    သား..အိမ်နောက်ဖေးမှာ သားစိုက်ထားတဲ့ အပင်လေးရှင်သန်ဖို့အတွက် အဖေ့ကို မြေဩဇာလုပ်ပစ်ရမယ်လေ။ ဒါမှ သားမုန်ဖိုးထဲက မြေဩဇာဖိုး မကုန်မှာ---

ဖြစ်တည်မူဝါဒ(သို့)ဥစ္ဆေဒဝါဒမှ ကောက်နုတ်ပါသည်။

0 comments: