Saturday, April 3, 2010

အကြင်တရား

ဂေါတမီ သင်သည်
''အကြင်တရားတို့ကို ဤတရားတို့ကား------
တပ်မက်မှု ရာဂ ကင်းရန်သာ ဖြစ်ကုန်၏၊ တပ်မက်မှု ရာဂနှင့်တကွ ဖြစ်ခြင်းငှာ မဖြစ်ကုန်။
ဝဋ်ကင်းရန်သာ ဖြစ်ကုန်၏၊ ဝဋ်၌ ယှဉ်ရန် မဖြစ်ကုန်။
ဝဋ်ဆင်းရဲကို ဖျက်ဆီးရန်သာ ဖြစ်ကုန်၏၊ ဝဋ်ဆင်းရဲ ပွားစီးရန် မဖြစ်ကုန်။
အလိုနည်းရန်သာဖြစ်ကုန်၏၊ အလိုကြီးရန် မဖြစ်ကုန်။
ရောင့်ရဲရန်သာ ဖြစ်ကုန်၏၊ မရောင့်ရဲရန် မဖြစ်ကုန်။
ဆိတ်ငြိမ်ရန်သာ ဖြစ်ကုန်၏၊ အပေါင်းအဖော်နှင့် နေရန် မဖြစ်ကုန်။ ကြိုးစား အားထုတ်ရန်သာ ဖြစ်ကုန်၏၊ ပျင်းရိရန် မဖြစ်ကုန်။ (မိမိကိုယ်ကို) မွေးမြူလွယ်ရန်သာ ဖြစ်ကုန်၏၊ မွေးမြူနိုင်ခဲရန် မဖြစ်ကုန်'' ဟု သိငြားအံ့။
ဂေါတမီ ထိုတရားတို့ကို စင်စစ်အားဖြင့် ဤကား တရားတည်း၊
ဤကား ဝိနည်းတည်း၊
ဤကား မြတ်စွာဘုရား အဆုံးအမတည်း'' ဟု မှတ်ယူလေလော့ ဟူ၍ (မိန့်တော်မူ၏)။

သံခိတ္တသုတ်၊ ဂေါတမီဝဂ်၊ အဋ္ဌကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။

0 comments: